ဒီဘရိုင်း ခြေစွမ်းပြမှုနဲ့ ပဲလေစ့်ကို အနိုင်ယူကာ ဇယားထိပ်က လီဗာပူးနဲ့ အမှတ်တူသွားတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေး အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ ပဲလေစ့်နဲ့ အဝေးကွင်းကို ဒီဘရိုင်း ခြေစွမ်းပြမှုနဲ့အတူ ၄-၂ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

ပထမပိုင်းအတွင်း ခရစ္စတယ်ပဲလေ့စ်ရဲ့ မာကျောတဲ့ တုံ့ပြန်မှုတွေကြောင့် စီးတီးတို့ ရုန်းကန်နေခဲ့ရပါတယ်။ ပွဲအစ ၃ မိနစ်မှာ မာတီတာရဲ့ ဦးဆောင်ဂိုးကြောင့် မန်စီးတီးတို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဒီဘရိုင်းရဲ့လှပတဲ့သွင်းဂိုးကြောင့် ချေပဂိုးရခဲ့ပါတယ်။

ပထမပိုင်းအတွင်း ပဲလေ့စ်က တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးများစွာရခဲ့ပေမယ့် အဆုံးသတ်အားနည်းမှုကြောင့်သာ စီးတီးတို့ ကံကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အကောင်းဆုံးအဖြေရှာနိုင်ခဲ့ကာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက ဒုတိယပိုင်းအစမှာ ရုန်းကန်နေရတဲ့ ဂျီဗာဒီအောအစား အကန်ဂျီကို ထည့်ကစားခဲ့ရာမှာ ပဲလေ့စ်ရဲ့တန်ပြန်တိုက်စစ် သေသလိုဖြစ်သွားပြီး မန်စီးတီးကသာ ဆက်တိုက်ထိုးဖောက်ပြီး ဂိုးပြတ်နိုင်ပွဲ ရှာဖွေသွားနိုင်ခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်ကို ၂ မှတ်အသာရခဲ့သလို ဇယားထိပ်က လီဗာပူးနဲ့ ရမှတ်တူ ဒုတိယနေရာ တက်လှမ်းကာ ပြိုင်ဘက်တွေကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။