ရန်ကုန်-ဘန်ကောက်ကို တန်ဖိုးနည်း လေကြောင်းလိုင်း ပြေးဆွဲပေးတော့မယ့် MAI

Myanmar Airways International (MAI) က ရန်ကုန် ကနေ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက်သို့ တန်ဖိုးနည်း ခရီးစဉ်တွေ ပြေးဆွဲပေးမယ်လို့ ကြေညာလိုက်ပါတယ်။

MAI က ကုန်ကျစားရိတ် သက်သာစေမယ့် ခရီးစဉ် အသစ်တွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန် ကနေ ဘန်ကောက်ကို ၁ ပတ် ခရီးစဉ် ၅၆ ခု၊ ဖူးခက်ကို ၁ ပတ် ခရီးစဉ် ၂ ခုနဲ့ ရန်ကုန် ကနေ ချင်းမိုင် ခရီးစဉ် အသစ်ကို ၁ ပတ် ၃ ခု ပြုလုပ်ပေးမှာပါ။

ရန်ကုန်-ဘန်ကောက် တန်ဖိုးနည်း ခရီးစဉ် လေယာဉ်လက်မှတ်ခဟာ ၅၉ ဒေါ်လာ ( ဘတ် ၂,၀၀၀) ပဲ ကျသင့်မှာပါ။

ဒါ့အပြင် MAI ဟာ ရန်ကုန်-ဆိုးလ် ခရီးစဉ်ကိုလည်း ကြေညာလိုက်ပြီး အင်္ဂါ၊ ကြာသာပတေး၊ သောကြာနဲ့ တနင်္ဂနွေနေ့တိုင်း ပြေးဆွဲမှာပါ။ အဆိုပါလမ်းကြောင်းအတွက် လေယာဉ်လက်မှတ်ခက ၂၈၃ ဒေါ်လာ ဖြစ်ပါတယ်။

MAI ဟာ ATR 72-600 လေယာဉ် အသစ် ၁ စီးကို ဝယ်ယူထားပြီး မြန်မာနဲ့ အာဆီယံ နိုင်ငံတွေအကြားမှာ ခရီးစဉ် တိုးချဲ့ဖို့ ရည်ရွယ်ထားပါတယ်။ အခုဆိုရင် MAI မှာ လေယာဉ် ၁၂ စီးရှိနေပြီ ဖြစ်ပြီး A-319s, A-320s, E-190s, a B733-300F နဲ့ ATR 72-600 တို့ ပါဝင်ပါတယ်။

MAI ဟာ မြန်မာနိုင်ငံထဲမှာ တည်နေရာ ၃၀ နဲ့နိုင်ငံတကာမှာ တည်နေရာ ၁၁ ခုကို ပို့ဆောင်ပေးနေပြီး ၂၀၂၄ ခုနှစ် ဒုတိယကွာတားမှာ ပြည်ပ နိုင်ငံ ၁၄ ခုအထိ တိုးချဲ့ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။