လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းက မန်စီးတီး မဟုတ်တော့ဘူး ဆိုတဲ့ ဒီဇာဘီ ပြောစကား

ဘရိုက်တန်နည်းပြ ဒီဇာဘီက လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်ဟာ မန်စီးတီးနဲ့ လီဗာပူးတို့ထက်ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေရပြီး ထိပ်ဆုံက လီဗာပူးနဲ့ ၂ မှတ်ကွာဟနေပြီး တတိယနေရာက မန်စီးတီးကိုလည်း ၁ မှတ်သာဖြတ်ထားနိုင်တာဖြစ်ပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့လီဗာပူးဟာ နည်းပြကြီး ယာဂင်ကလော့ပ်ရဲ့နောက်ဆုံးရာသီအဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ရည်ရွယ်နေပြီး လက်ရှိကစားထားတဲ့ လိဂ်ပွဲ ၃၀ မှာ ၂၁ ပွဲထိအနိုင်ရရှိထားကာ ၂ ပွဲသာရှုံးနိမ့်ထားပါတယ်။

အာတီတာရဲ့အသင်းကလည်း ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်ခဲ့သလို ဒီရာသီမှာတော့ ဆုဖလားသေချာပေါက်ရရှိဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ လက်ရှိအချိန်မှာ မန်စီးတီးထက် ရမှတ်ရော ဂိုးကွာခြားချက်ပါ သာလွန်နေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက သမိုင်းဝင်ဖလား ၃ လုံးဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးကလည်း နောက်ထပ်တစ်ကြိမ်အောင်မြင်မှု ထပ်ရဖို့ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်ဖလားကို အပြည့်အဝအာရုံစိုက်ထားတာဖြစ်ပါတယ်။

ဘရိုက်တန် နည်းပြ ဒီဇာဘီကတော့ အာဆင်နယ် အသင်းဟာ စီးတီး၊ လီဗာပူးတို့ထက် သာပြီး လက်ရှိအင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။

ဒီဇာဘီက “ဟုတ်ပါတယ်။ လက်ရှိအင်္ဂလန်ပရီးမီးယားလိဂ်မှာ အာဆင်နယ်က အကောင်းဆုံးအသင်းပါပဲ။ လီဗာပူးကလည်း သူ့ပုံစံနဲ့သူ အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး မန်စီးတီးကလည်း အတူတူပါပဲ။ ဒါပေမယ့် အာဆင်နယ်က ကစားရအခက်ဆုံးအသင်းပါ”

“အာဆင်နယ်က လီဗာပူးကို ၃-၁ နဲ့အနိုင်ယူခဲ့သလို မန်စီးတီးကိုလည်း အဝေးကွင်းမှာ အနိုင်ရထားတာပါ။ ပြီးတော့ ချန်ပီယံလိဂ်မှာလည်း သူတို့ ပုံစံကောင်းကို တောက်လျှောက်ပြသထားနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။