၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဒီလထဲ စိုင်းစိုင်းရှိုး ပြန်လုပ်မည်
စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ Show ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
လက်မှတ်များအား ဧပြီလ အစပိုင်းမှ စတင်ကာ အွန်လိုင်းမှ ရောင်း ချလျှက်ရှိကာ ငွေလွှဲစလစ်တွင် မှတ်ချက်အနေဖြင့် April 10 ဟု ရေးပေးရန်နှင့် ငွေလွှဲစလစ်ပို့ ပေးရန်လိုကြောင်း သိရသည်။
“လက်မှတ်က တစ်သိန်းပါ။ ဝင်ကြေးပါ။ ကျန်တာဘာမှ မပါပါဘူး။ ဝင်ကြေးတစ်သိန်း က Stand ပါ။ လူသုံးထောင်ဆံ့ပါတယ်” ဟု Inya Lake Garden မှ စုံစမ်းသိရှိရသည်။
ဧပြီ ၁၀ ရက်တွင် Show ပွဲ ပြုလုပ်မည်ကို စိုင်းစိုင်းခမ်းလှိုင်၏ Fan Group များမှ စတင်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း သိရ သည်။
“မကြည့်ရတာ ကြာပြီလေ။ လက်မှတ် လည်း မှာပြီးပါပြီ။ စိုင်းစိုင်းဖန်တွေ ကနေ မွေးနေ့ရှိုးလုပ်မယ်ဆိုတာကို သိရလို့ လိုက်စုံစမ်းကြည့်ရင်း သိသွားတာပါ” ဟု ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ ပြုလုပ်မည့် Show ပွဲ လက် မှတ်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှာ ၂၀၀၄ ခုနှစ်မှစတင်ကာ Birthday Show အား ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နောက်ဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၅နှစ်အကြာ ပထမဆုံးပြန်လုပ်မည့် ယခု Show ပွဲ လက်မှတ် မှာ ၎င်းပြုလုပ်ခဲ့သည့်ပွဲများအနက် ဈေးအကြီးဆုံးဖြစ် ကြောင်းသိရသည်။
