မန်စီးတီးအသင်းသမိုင်းမှာ အကောင်းဆုံး ကစားသမားကို ဖော်ထုတ်သွားတဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက မန်ချက်စတာ စီးတီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတစ်ဦးအား ထုတ်ဖော် ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ မန်စီးတီးအသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်သလို သူရဲ့ ဂိုးပါဝင်ပတ်သက်မှုတွေနဲ့ အသင်းကို ဆုဖလားတွေများစွာပါ ရယူပေးနိုင်ခဲ့ပါတယ်။

မနေ့ညက ဘရိုက်တန်နဲ့ပွဲမှာလည်း (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအတွက် သွင်းဂိုးစုစုပေါင်း (၁၀၀)ပြည့်မြောက်သွားခဲ့ရာ သူ့ကို နည်းပြကြီး ဂွာဒီယိုလာက

“ဒီနေ့က ကယ်လ်ဗင်ကြောင့် နိုင်ပွဲရခဲ့တာ။ သူသာ မပါလာနိုင်ခဲ့ရင် ငါတို့တွေလည်း ဒီပွဲကို အနိုင်မရနိုင်ဘူး။ ဆိုတော့ ဒီလိုပွဲမျိုးမှာ ကယ်လ်ဗင်လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာက လွယ်ကူမှု ရှိစေရပါတယ်။”

“သူ အသင်းဘတ်စ်ကားပေါ်မှာ လော့ကာခန်းထဲမှာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြောသမျှတွေကို ကျွန်တော် နားထောင်ပါတယ်။ သူ ကျွန်တော်တို့နဲ့ အတူရှိနေတာ (၉)နှစ် (၁၀)နှစ်လောက်တောင် ရှိနေပါပြီ။ ”

“ နှစ်တွေကြာတာတောင် ကိန်းဂဏန်းတွေ ပါဝင်နိုင်မှုတွေ တသမတ်တည်း ရှိမှုတွေဟာ တကယ့် အံ့မခန်းပါပဲ။ သူက မန်စီးတီးအသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါပဲ။” လို့ ချီးမွှမ်းလိုက်ပါတယ်။