အီတီဟတ်မှာ ကစားသမားဘဝ ကုန်ဆုံးသည်ထိ ရှိအောင် ရိုဒရီကို လစာအမြင့်နဲ့ သက်တမ်းတိုးတော့မယ့် မန်စီးတီး
မန်စီးတီးဟာ ကွင်းလယ် ကစားသမား ရိုဒရီအား အီတီဟတ်တွင် ကစားသမားဘဝကုန်ဆုံးလုနီးပါး အထိ ရှိနေစမဲ့ လုပ်ခမြင့် စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေပါတယ်။
စပိန် ကွင်းလယ် ကစားသမားဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးတွင် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး လက်ရှိ စာချုပ်မှာ ၃ နှစ်ကျန်ပါသေးတယ်။
ဒါပေမဲ့ မန်စီးတီးဟာ ရိုဒရီအား လုပ်ခများစွာ တိုးမြှင့်ပေးကာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုနေပါတယ်။
အသက် ၂၇ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရရှိနေတာပါ။ ဒါပေမဲ့ မန်စီးတီးဟာ သူ့ကို တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုလာတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ရိုဒရီအား စာချုပ်သစ်ချုပ်ဆိုရေးအပေါ် အလျှင်စလို ပြုလုပ်သွားမှာ မဟုတ်သေးဘဲ ဆုဖလား ၃ လုံး ချန်ပီယံဘွဲ့ကာကွယ်ရေး နောက်ဆုံးအဆုံးအဖြတ်ကာလကိုသာ အပြည့်အဝ အာရုံစိုက်သွားပါမယ်။
ဒါပေမဲ့ ၎င်းတို့ဟာ နွေရာသီ ယူရို ၂၀၂၄ ပြီးဆုံးချိန် အားလပ်ရက်ခရီးမှ ပြန်ရောက်လာပါက ရိုဒရီအား စာချုပ်သစ် ချုပ်ဆိုရေး ဆွေးနွေးပါမယ်။
မန်စီးတီးဟာ ရိုဒရီရဲ့စာချုပ်အား ၂ နှစ်သက်တမ်းတိုးလိုနေတာ ဖြစ်ပြီး ယင်းစာချုပ်ကြောင့် အီတီဟတ်တွင် အသက် ၃၂ နှစ်အထိ ရှိလာစေပါမယ်။
မန်စီးတီးဟ ၂၀၁၉ ခုနှစ်တုန်းက ရိုဒရီအား ခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်အား ပေါင် ၆၂.၅ သန်းပေးခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးက ရိုဒရီအား ကိုင်လီဝေါလ်ကား၊ ကီဗင်ဒီဘရိုင်းတို့ မရှိတော့တဲ့အချိန်တွင် အသင်းခေါင်းဆောင်ဖြစ်လာမဲ့သူအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ကီဗင်ဒီဘရိုင်းက မန်စီးတီးနှင့် ပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရ ကစားသမားအဖြစ် ရပ်တည်နေပြီး အာလင်းဟာလန်းက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာ လီဗာပူးစတားမိုဟာမက်ဆာလက်က တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။
လုပ်ခအများဆုံးရ ကစားသမားများစာရင်းတွင် ရာဟမ်းစတာလင်း (ပေါင် ၃၂၅၀၀၀)၊ အန်ဇိုဖာနန်ဒက်ဇ် (ပေါင် ၃၁၅၀၀၀)၊ မားကပ်စ်ရက်ဖို့ဒ်(ပေါင် ၃၀၀၀၀၀)၊ ဆန်ချို (ပေါင် ၃၂၀၀၀၀)၊ ရာဖေးလ်ဗာရန်း (ပေါင် ၃၀၀၀၀၀)၊ ကက်စ်မီရို (ပေါင် ၃၄၀၀၀၀)နှင့် ဂျက်ဂရဲလ်လစ်ရှ် (ပေါင် ၃၀၀၀၀၀)တို့ ပါဝင်နေပါတယ်။