အဲဗာတန် Vs ယူနိုက်တက်ပွဲ အတွက် စကိုင်းစပေါ့ သုံးသပ်ခန့်မှန်းချက်
ယူနိုက်တက်ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ် ကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာပါ။ ယူရိုပါလိဂ်မှာ ဂိုးပြတ် နိုင်ပွဲရလို့ သရဲနီတွေ တက်ကြွနေမှာ ဖြစ်ပေမယ့် ခက်ခဲတဲ့ ပွဲစဉ်က စောင့်ကြိုနေမှာ ဖြစ်ပါတယ်။
အဲဗာတန် ယူနိုက်တက် ပွဲအတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” ဒီပွဲက ပွဲကောင်းတစ်ပွဲပါ။ အန်ဆယ်လော့တီ အဲဗာတန်မှာ ဘာတွေ လုပ်ပြထားနိုင်လဲ အားလုံး မြင်နိုင်ပါတယ်။ အဲဗာတန် အတွက် ကားဗတ်လီဝင်နဲ့ ရစ်ချာလီဆန်တို့လို ကစားသမားတွေ ကောင်းစွာ ခြေစွမ်းပြနေတယ်။ ဒါပေမယ့် သူတို့ အခြေခံကျတဲ့ အမှားတွေကိုတော့ ကျူးလွန်ဆဲ ဖြစ်ပြီး ဒါက ခံစစ် အတွက် စိုးရိမ်စရာ ရှိပါတယ်။
ယူနိုက်တက်ကတော့ အရှိန်နဲ့ အသွင်သစ် ပြန်လည် တည်ဆောက်နေတဲ့ အသင်းပါ။ သူတို့ဆီက ရမှတ် လုယူဖို့ဆို အဲဗာတန်က ပြင်းပြင်း ထန်ထန် အားထုတ်ပါလိမ့်မယ်။ ဒီပွဲ အတွက် မာရှယ်က ကြံ့ခိုင်မှု ပြည့်ချင်မှ ပြည့်ပါလိမ့်မယ်။
အစ်ဟာလိုကလည်း ပွဲကစားဖို့ အချိန် လိုပါတယ်။ ကြာသပတေးနေ့ညက ပွဲမှာ ဂိုးသွင်းနိုင်လိုက်တာက သူ့အတွက် ယုံကြည်မှုတွေ တက်လာပါလိမ့်မယ်။ ဒါပေမယ့် သူ ကစားတာ ကြည့်ရတာ နည်းနည်း ပွဲနဲ့ အသားမကျသေးသလို တွေ့ရတယ်။
အဲဗာတန်က အားထုတ်ကို ကစားလိမ့်မယ် ကျနေ်ာ ထင်ထားလို့ ဂိုးတွေလည်း မြင်ရမှာပါ။ ယူနိုက်တက် ခံစစ်က တိုးတက်လာနေတာတော့ ရှိပြီး ယုံကြည်မှုကလည်း တက်နေပါတယ်။ ဒီပွဲက မျှတတဲ့ ကာယချင်း ယှဉ်မှုတွေကိုလည်း မြင်ရမှာ ဖြစ်ပြီး ပရိသတ် အကြိုက် ဖြစ်မှာပါ။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။
ချာလီ နစ်ကိုးလပ်စ် ခန့်မှန်း ရလဒ်ကတော့ အဲဗာတန် ၁-၁ ယူနိုက်တက် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ တနင်္ဂနွေနေ့ ည ၈း၃၀ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။
Zawgyi – ယူနိုက္တက္ဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ အဲဗာတန္ကို ဂြတ္ဒီဆင္ပါ့ခ္ ကြင္းမွာ သြားေရာက္ ရင္ဆိုင္ရေတာ့မွာပါ။ ယူရိုပါလိဂ္မွာ ဂိုးျပတ္ နုိင္ပြဲရလို႔ သရဲနီေတြ တက္ၾကြေနမွာ ျဖစ္ေပမယ့္ ခက္ခဲတဲ့ ပြဲစဥ္က ေစာင့္ၾကိဳေနမွာ ျဖစ္ပါတယ္။
အဲဗာတန္ ယူနိုက္တက္ ပြဲအတြက္ စကိုင္းစေပါ့မွ နာမည္ေက်ာ္ သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ဒီပြဲက ပြဲေကာင္းတစ္ပြဲပါ။ အန္ဆယ္ေလာ့တီ အဲဗာတန္မွာ ဘာေတြ လုပ္ျပထားနုိင္လဲ အားလံုး ျမင္နုိင္ပါတယ္။ အဲဗာတန္ အတြက္ ကားဗတ္လီ၀င္နဲ႕ ရစ္ခ်ာလီဆန္တို႔လို ကစားသမားေတြ ေကာင္းစြာ ေျခစြမ္းျပေနတယ္။ ဒါေပမယ့္ သူတို႔ အေျခခံက်တဲ့ အမွားေတြကိုေတာ့ က်ဴးလြန္ဆဲ ျဖစ္ျပီး ဒါက ခံစစ္ အတြက္ စိုးရိမ္စရာ ရွိပါတယ္။
ယူနိုက္တက္ကေတာ့ အရွိန္နဲ႕ အသြင္သစ္ ျပန္လည္ တည္ေဆာက္ေနတဲ့ အသင္းပါ။ သူတို႔ဆီက ရမွတ္ လုယူဖို႔ဆို အဲဗာတန္က ျပင္းျပင္း ထန္ထန္ အားထုတ္ပါလိမ့္မယ္။ ဒီပြဲ အတြက္ မာရွယ္က ၾကံ႕ခိုင္မႈ ျပည့္ခ်င္မွ ျပည့္ပါလိမ့္မယ္။
အစ္ဟာလိုကလည္း ပြဲကစားဖို႔ အခ်ိန္ လိုပါတယ္။ ၾကာသပေတးေန႔ညက ပြဲမွာ ဂိုးသြင္းနုိင္လိုက္တာက သူ႔အတြက္ ယံုၾကည္မႈေတြ တက္လာပါလိမ့္မယ္။ ဒါေပမယ့္ သူ ကစားတာ ၾကည့္ရတာ နည္းနည္း ပြဲနဲ႕ အသားမက်ေသးသလို ေတြ႔ရတယ္။
အဲဗာတန္က အားထုတ္ကို ကစားလိမ့္မယ္ က်ေန္ာ ထင္ထားလို႔ ဂိုးေတြလည္း ျမင္ရမွာပါ။ ယူနိုက္တက္ ခံစစ္က တိုးတက္လာေနတာေတာ့ ရွိျပီး ယံုၾကည္မႈကလည္း တက္ေနပါတယ္။ ဒီပြဲက မွ်တတဲ့ ကာယခ်င္း ယွဥ္မႈေတြကိုလည္း ျမင္ရမွာ ျဖစ္ျပီး ပရိသတ္ အၾကိဳက္ ျဖစ္မွာပါ။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။
ခ်ာလီ နစ္ကိုးလပ္စ္ ခန္႔မွန္း ရလဒ္ကေတာ့ အဲဗာတန္ ၁-၁ ယူနိုက္တက္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ တနဂၤေႏြေန႕ ည ၈း၃၀ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာပါ။