ရန်ကုန်-ဒလ တံတားကြီး နိုင်လွန်ကတ္တရာ ခင်းပြီးနေမှုနဲ့ သံမဏိကြိုးဆိုင်းတွေ စတင်တပ်ဆင်လာ
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား စီမံကိန်းကြီးဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး နိုင်လွန်ကတ္တရာ ခင်းပြီးမှုတွေအပြင် အခုဆိုရင်တော့ သံမဏိကြိုးဆိုင်းကြီးတွေ တပ်ဆင်နေပါပြီ။
အဆိုပါရန်ကုန်- ဒလမြစ်ကူးတံတားက လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားရဲ့ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကာ မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင်တစ်စင်းအပါအဝင်ဖြစ်ပါတယ်။
တံတား အသုံးပြုခကောက်ခံရန် (Toll Plaza ) တစ်ခုကို ဒလဘက်ကမ်း၌ ထည့်သွင်း တည်ဆောက်သွားမှာဖြစ်သလို မောင်းနှင့်ခွင့်ပြုမယ့် သတ်မှတ် မိုင်နှုန်းတွေလည်း ပါဝင်လာပါမယ်။
ဒီစီမံကိန်းကြောင့် ဒလဘက်မှာ အိမ်ခြံမြေ စျေးကစားသူတွေ ဝင်ရောက် နေရာယူထားမှုတွေ ရှိနေပါတယ်။
” သိန်းကို သောင်းနဲ့ချီပြီး အရောင်းအဝယ်လုပ်ကြတယ်။ အရင် သိန်း (၈၀၀) တန်က သိန်း (၁၀၀၀၀) လောက်စျေးခေါ်ကြတယ်။ လမ်းတွေခင်းလိုက်တော့ လမ်းမဘက်က ပိုဈေးရတယ်”ဟု ဒလဒေသခံတစ်ဦးကပြောသည်။
၂၀၂၄ ခုနှစ်အကုန် ၂၀၂၅ နှစ်ဦးပိုင်း အတွင်း လုပ်ငန်းများအားလုံးအပြီးသတ်နိုင်ဖို့ဆောင်ရွက်လျက် ရှိပြီး နှင့် ဒလမြို့နယ် စည်ပင်ရေ ဂျိုးဖြူ ရေပေးဝေရေးစီမံကိန်း လုပ်ငန်းကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိတာကြောင့် ဒီတံတားကြီးပြီးသွားရင် ရေဒုက္ခရောက်နေတဲ့ ဒလဘက်အခြမ်း ရေရတော့မှာဖြစ်ပါတယ်။
ရန်ကုန်-ကွမ်းခြံကုန်း-ကော့မှူး-ဒလ-တွံတေးအစရှိသည့် မြို့နယ်တွေက ပြည်သူတွေ သွားရေးလာရေး ပိုမို အဆင်ပြေကြဖွယ် ရှိပါတယ်။