၂၄ နာရီအတွင်း ကရင်၊ ကယား၊ မွန်နဲ့ တိုင်းဒေသအချို့တွင် မိုးရွာသွန်းမည်

နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့နဲ့ တိုင်းဒေသကြီးအချို့မှာ ထစ်ခြုန်းမိုးတွေရွာနိုင်ပါတယ်။

ITCZ ဝန်းကျင်မှာ ရေခိုးရေငွေ့တွေပါဝင်မှုများတဲ့ တိမ်ဖြစ်ပေါ်မှုက တဖြည်းဖြည်းမြောက်အရပ်ကို ရွေ့လျားလာတာတွေ့ရပြီး မုတ်သုံမျဉ်းကလဲ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူအပေါ်ရောက်လာကြောင်း တွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်လာတဲ့ တိမ်အချို့က အရှေ့မြောက်ဘက်ကဝင်ရောက်လာတဲ့ လေအေးစီးကြောင်းနဲ့ မြန်မာနိုင်ငံပေါ်မှာ ဖြစ်နေတဲ့ အပူလေဖိအားနည်းရပ်ဝန်း (Heat Low or Thermal Low) ကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းက လေစီးကြောင်းက ပင်လယ်မှာဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့တွေကို ရနိုင်သလောက်မောင်းသွင်းနေတာကို တွေ့ရပါတယ်။

အဲ့ဒီ မိုးလေဝသဖြစ်စဉ်အခြေအနေတွေကြောင့် ဒီနေ့ ဧပြီ ၉ ရက်နေ့ ညနေပိုင်းက စပြီး ၁၀ ရက် ၁၁ ရက်နေ့အတွင်း

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာတာတွေ့ရပါတယ်။

ကျန်ပြည်နယ်တိုင်းများမှာတော့ မိုးရွာနိုင်မဲ့ အခြေအနေမတွေ့ရပါ။

မိုးလေဝသပညာရှင် – Win Naing