Opta စူပါကွန်ပျူတာ ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေမှာတော့ မန်စီးတီးက ထိပ်ဆုံးမှာ ရပ်တည်

ပရီးမီးယားလိဂ် စူပါကွန်ပျူတာဟာ နောက်ဆုံး ပရီးမီးယားလိဂ်ရက်သတ္တပတ်တွင် ထိပ်ဆုံး ၃ သင်းရဲ့ ရလဒ်အပြောင်းအလဲ ဖြစ်လာပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာမဲ့ အသင်းအား လုံးဝ ပြောင်းလဲဟောကိန်းထုတ်လာပါတယ်။
ပြီးခဲ့တဲ့ ပွဲရလဒ်တွေကြောင့် ထိပ်ဆုံး ၃ သင်းအကြား ကွာဟမှုမှာ လုံးဝ ကျဉ်းမြောင်းလာပါတယ်။ အာဆင်နယ်နှင့် လီဗာပူးတို့က ရမှတ် ၇၁ မှတ်စီရရှိနေပေမဲ့ အမြောက်ကြီးတို့က ဂိုးကွာခြားချက်ဖြင့် ဇယားထိပ်မှာ ရပ်တည်နေပါတယ်။
မန်စီးတီးကလည်း ရာသီသိမ်းရန် ၇ ပွဲသာ ကစားဖို့ လိုတော့တဲ့အချိန်မှာ ထိပ်ဆုံး ၂ သင်းနှင့် ရမှတ် ၁ မှတ်ပဲ ကွာဟနေပါတယ်။
ယခု Opta ရဲ့ စူပါကွန်ပျူတာဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်ခြေ အများဆုံးရှိတဲ့အသင်းကို ပြောင်းလဲဟောကိန်းထုတ်လာပါတယ်။
မန်စီးတီးဟာ ၃၉.၇ ရာခိုင်နှုန်းဖြင့် ချန်ပီယံဖြစ်ရန် အခြေအနေ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လာပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မတိုင်မီ ချန်ပီယံဖြစ်နိုင်ခြေ ၃၃.၆ ရာခိုင်နှုန်းသာ ရှိခဲ့တာ ဖြစ်ပြီး ပဲလေ့စ်ပွဲအပြီးမှာတော့ ၆.၁ ရာခိုင်နှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ယူနိုက်တက်နှင့် သရေကျခဲ့တဲ့ လီဗာပူးကတော့ အစောပိုင်းတုန်းက ချန်ပီယံဖြစ်ရန် အခြေအနေအကောင်းဆုံးအသင်းအဖြစ် ၄၅ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့ပေမဲ့ ယူနိုက်တက်နှင့် သရေကျပြီးချိန်မှာတော့ ၃၁.၃ ရာခိုင်နှုန်းသို့ ၁၃.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ အစောပိုင်းတုန်းက ၂၁.၄ ရာခိုင်နှုန်းရှိရာကနေ ၇.၆ ရာခိုင်နှုန်းမြင့်တက်ကာ ၂၉ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။
ဒါပေမဲ့ ရာသီမကုန်မီ ပွဲစဉ်များအတွင်းတွင် အပြောင်းအလဲများစွာကို မြင်တွေ့လာရဖို့ ရှိနေပါသေးတယ်။
လာမယ့် စနေနေ့မှာ မန်စီးတီးက လူတန်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး လီဗာပူးနှင့် အာဆင်နယ်တို့က ပဲလေ့စ်နှင့် အက်စတွန်ဗီလာကို ဧည့်ခံကစားရပါမယ်။