ဆိုးရှား စိတ်ကြိုက် တောင်ပံတိုက်စစ်သမား၊ အကောင်းဆုံး ဆုထဲ ပါနေတဲ့ ဖရက်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ
ယူနိုက်တက်မှာ အသင်းလိုက် တိုးတက်လာတဲ့ အပြင် ဆိုးရှားကလည်း နည်းပြကောင်း တစ်ဦး အဖြစ် ပို တိုးတက်လာနေကြောင်း ကွင်းလယ်ကစားသမား မာတစ်က ချီးကျူးစကား ဆိုခဲ့ပါတယ်။
ယူနိုက်တက် U18 အသင်းဟာ ညက အက်ဖ်အေ လူငယ်ဖလားပွဲမှာ ဝီဂန်ကို ၂-၁ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၂ နောက်ပိုင်း လူငယ်ပြိုင်ပွဲမှာ အခုလို ဆီမီးအဆင့် ပထမဆုံး အကြိမ် ပြန်တက်ရောက် နိုင်ခြင်းလည်း ဖြစ်ပါတယ်။
ယူနိုက်တက် ပစ်မှတ်ထားဖူးပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ စတဲ့ ထိပ်သီးအသင်းတွေ အပြိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ ခံစစ်မှူး ကူလီဘိုင်လေ အတွက် နာပိုလီအသင်း ဥက္ကဌ ဒီ လောရန်းတစ်စ်က တန်ကြေး ယူရို ၉၉ သန်း (ပေါင် ၈၅သန်း) လို့ ဈေးသတ်မှတ် ပေးလိုက်ပါတယ်။
ယူရိုပါလိဂ် ဒီတပတ် အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းထဲမှာ ယူနိုက်တက် ကွင်းလယ်သမား ဖရက်လည်း ပါဝင်နေပါတယ်။ ဖရက်က ကလပ်ဘရုစ်နဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဖီရင်အိုတီနား တောင်ပံ တိုက်စစ်သမား ဖရက်ဒရီကို ချီဆာကို စိတ်ဝင်စားနေရာကနေ ပို ရှေ့တိုး လှုပ်ရှားလာနေပြီ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။ ပေါင် သန်း ၆၀ တန် အသက် ၂၂ နှစ် အရွယ် အီတလီသား တိုက်စစ်သမားကို နည်းပြ ဆိုးရှားကိုယ်တိုင်က မျက်စိကျနေခဲ့တာပါ။
ဘရူနို ဖာနန်ဒက်စ်ဟာ ဘောလုံး ကို ချစ်မြတ်နိုးသလို ဘောလုံးနဲ့ ပတ်သတ်တာ အားလုံး သိထားတဲ့ ကစားသမား ဖြစ်တာကြောင့် ယူနိုက်တက် အတွက် ကြီးမားတဲ့ အင်အားတိုးမှု တစ်ရပ် ဖြစ်ကြောင်း ဆိုးရှားက ချီးကျူးခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္မွာ အသင္းလိုက္ တိုးတက္လာတဲ့ အျပင္ ဆိုးရွားကလည္း နည္းျပေကာင္း တစ္ဦး အျဖစ္ ပို တိုးတက္လာေနေၾကာင္း ကြင္းလယ္ကစားသမား မာတစ္က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။
ယူနိုက္တက္ U18 အသင္းဟာ ညက အက္ဖ္ေအ လူငယ္ဖလားပြဲမွာ ၀ီဂန္ကို ၂-၁ နဲ႕ အနုိင္ယူျပီး ဆီမီးဖိုင္နယ္သို႔ တက္ေရာက္ သြားျပီ ျဖစ္ပါတယ္။ ဒါဟာ ၂၀၁၂ ေနာက္ပိုင္း လူငယ္ျပိဳင္ပြဲမွာ အခုလို ဆီမီးအဆင့္ ပထမဆံုး အၾကိမ္ ျပန္တက္ေရာက္ နုိင္ျခင္းလည္း ျဖစ္ပါတယ္။
ယူနိုက္တက္ ပစ္မွတ္ထားဖူးျပီး ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီ စတဲ့ ထိပ္သီးအသင္းေတြ အျပိဳင္ စိတ္၀င္စားျခင္း ခံေနရတဲ့ ခံစစ္မွဴး ကူလီဘိုင္ေလ အတြက္ နာပိုလီအသင္း ဥကၠဌ ဒီ ေလာရန္းတစ္စ္က တန္ေၾကး ယူရို ၉၉ သန္း (ေပါင္ ၈၅သန္း) လို႔ ေစ်းသတ္မွတ္ ေပးလိုက္ပါတယ္။
ယူရိုပါလိဂ္ ဒီတပတ္ အေကာင္းဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းထဲမွာ ယူနိုက္တက္ ကြင္းလယ္သမား ဖရက္လည္း ပါ၀င္ေနပါတယ္။ ဖရက္က ကလပ္ဘရုစ္နဲ႕ ပဲြမွာ ၂ ဂိုး သြငး္ယူေပးခဲ့ပါတယ္။
ယူနိုက္တက္ဟာ ဖီရင္အိုတီနား ေတာင္ပံ တိုက္စစ္သမား ဖရက္ဒရီကို ခ်ီဆာကို စိတ္၀င္စားေနရာကေန ပို ေရွ႕တိုး လႈပ္ရွားလာေနျပီ ျဖစ္ေၾကာင္း သတင္းထြက္ေနပါတယ္။ ေပါင္ သန္း ၆၀ တန္ အသက္ ၂၂ နွစ္ အရြယ္ အီတလီသား တိုက္စစ္သမားကို နည္းျပ ဆိုးရွားကိုယ္တိုင္က မ်က္စိက်ေနခဲ့တာပါ။
ဘရူနို ဖာနန္ဒက္စ္ဟာ ေဘာလံုး ကို ခ်စ္ျမတ္နိုးသလို ေဘာလံုးနဲ႕ ပတ္သတ္တာ အားလံုး သိထားတဲ့ ကစားသမား ျဖစ္တာေၾကာင့္ ယူနိုက္တက္ အတြက္ ၾကီးမားတဲ့ အင္အားတိုးမႈ တစ္ရပ္ ျဖစ္ေၾကာင္း ဆိုးရွားက ခ်ီးက်ဴးခဲ့ပါတယ္။