တရုတ်နိုင်ငံက နတ်ပြည်တက်တဲ့ အချစ် လှေကား

တရုတ်နိုင်ငံ Fuxi (ဖူရှီ) တောင်မှာတည်ဆောက်ထားတဲ့ လက်ရန်းမပါတဲ့လှေကား ဖြစ်ပါတယ်။ နတ်ပြည်တက်တဲ့လှေခါး (Stairway to heaven) လို့လည်းခေါ်သလို ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၁၄ မီတာအမြင့်က တောင်စောင်းမှာ ဆောက်ထားတာကြောင့် ၁၃၁၄ လှေခါးသို့မဟုတ် အချစ် လှေကား လို့လည်း ခေါ်ပါတယ်။
၁၃၁၄ ဂဏန်းကတရုတ်ပြည်မှာ Romantic number တစ်ခုဖြစ်ပါတယ်။ သူ့အသံထွက်က ထာဝရနဲ့အသံထွက်ဆင်လို့ပါ။ (၅၂၀ က I love you တဲ့၊ ၅၂၀၁၃၁၄ ဆိုရင် တစ်ဘဝလုံးချစ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့။)
ဖူရှီတောင်မှာက ရှေးခေတ် မင်မင်းဆက်တည်းက သမိုင်းဝင် လှေကား တစ်ခု ရှိခဲ့ဖူးပါတယ်။ ဖူရှီဘုရင်လက်ထက်က တောင်ပေါ်ကိုအလွယ်တကူအတက်အဆင်းလုပ်နိုင်ဖို့ လှေခါးထစ်ပေါင်း ၁၂၀၀၀ ကျော်ပါဝင်ပြီး ၁၅ ကီလိုမီတာရှည်တဲ့ လှေကား ကို ဆောက်လုပ်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားအများအပြား လာရောက်လည်ပတ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
တခု ရှိတာက လှေခါးထစ် ၃၁၀၀ ရှိတယ်လို့ Travel website တိုင်းမှာအခိုင်အမာဖော်ပြထားပေမယ့် ပုံအပြည့်ကိုတော့ Google မှာဘယ်လိုမှမတွေ့ပါဘူး။ ကွက်ရိုက်ထားတာတွေသာတွေ့ပါတယ်။ B
aidu မှာတရုတ်လို translate လုပ်ပြီးရှာကြည့်တာတော့ ထင်သလိုမဟုတ်ပဲ နိမ့်နိမ့်လေးလို့ထင်ရတဲ့ ပုံတွေတော့ရှာတွေ့ခဲ့ပါတယ်။ ရောက်ဖူးတဲ့သူတွေ ထောက်ပြပေးနိုင်ပါတယ်။