ဒီလောက် ပူရတဲ့ကြားထဲ ဘာကြောင့် EPC က မီးပိတ် သစ်ပင်ခုတ်ကြတာလဲ
ဒီလောက် ရာသီဥတုပူတဲ့အချိန် ဘာလို့ မီးပိတ်ပြီး သစ်ပင်ခုတ်တာလဲ။
ရည်ရွယ်ချက်က မီးဖြတ်ချင်လို့၊ ဝန်အားမနိုင်တာတော့ မီးဖြတ်ဖို့ အကြောင်းတရားရှာနေတာပေါ့။ လက်ရှိ GT Shutdown ကလည်းရှိနေတော့ သစ်ပင်ခုတ်လိုက်ရင် ဝန်အားမနိုင်တဲ့ကိစ္စလည်း ပြေလည်မယ်။ ဌာနအတွက် အကျိုးရှိမယ်။
ဘာကြောင့်အကျိုးရှိတာလဲ။
အကြမ်းအားဖြင့် တနှစ်ကို နှစ်ကြိမ်ခုတ်ပါတယ်။ ပထမအကြိမ်က ဓာတ်အားလိုင်းတခုမှာ ဗို့အားလယ်ဗယ်အလိုက် သတ်မှတ်အကွာအဝေးအလိုက် သစ်ပင်သစ်ကိုင်းများအား မိုးရာသီကာလမတိုင်မှီ ခုတ်ရပါတယ်။ လက်ရှိအခြေအနေမှာ လွတ်ကင်းနေပေမဲ့ လေမိုးကျတဲ့အခါ လိုင်းနဲ့သစ်ကိုင်းထိနိုင်ပါတယ်။ အဲ့ဒီအခါမှာ လိုင်းအပြစ်ဖြစ်ပွားပြီး မလိုလားအပ်တဲ့ အချိန်ကြာမြင့်မှုနဲ့အတူ စက်၊လူအတွက် ထိခိုက်နိုင်ပါတယ်။
အဲ့ဒါကြောင့် သစ်ခုတ်ခြင်းလုပ်ငန်းအား တနှစ်လျှင် တကြိမ် အနည်းဆုံး ခုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဓာတ်အားလိုင်းဟာ မိုင်ဆယ်နဲ့ချီရှည်လျားမှု၊ သစ်ပင်ခုတ်ထွင်ရမှုများပြားမှု အခြေအနေများကြောင့် Shutdown ဟာဒီတဖီဒါထဲမှာကိုပဲ တကြိမ်၊ နှစ်ကြိမ်မကလည်း ရှိနေရတာမျိုးပါ။
ဒုတိယအကြိမ်က မိုးရွာပြီး ပြန်တက်လာတဲ့ အညွန့်အတက်များကို ရှင်းလင်းရခြင်းဖြစ်ပြီး ပထမအကြိမ်လောက်တော့ မများတော့ပါဘူး။ ဒီလိုသစ်ခုတ်ရခြင်းကြောင့် သစ်ကိုင်းကြောင့် လိုင်းအပြစ်ဖြစ်ခြင်း လုံးဝမရှိအောင်ထိ လျော့ချနိုင်ပါတယ်။
မခုတ်ရင်ဘာဖြစ်လာမလဲ။
သစ်ပင်သစ်ကိုင်းကြောင့် လိုင်းအပြစ်ဖြစ်လာနိုင်တယ်။ ဘယ်နေရာရဲ့ ဘယ်အပင်က ထိလို့ ထိမှန်းမသိတာကြောင့် လိုက်လံရှာဖွေရတဲ့နေရာမှာ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မယ်။ အပြစ်ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် အချိန်ကုန် လူပမ်းဖြစ်မယ်။ အချိန်အခါမရွေးဖြစ်တာနိုင်တာကြောင့် ညဘက်ကြီးအပြစ်ဖြစ်ခဲ့ရင် ပိုပြီး ဒုက္ခများမယ်။
မီးမပိတ်ပဲ သစ်ပင်ခုတ်လို့မရပုလား။
ရလည်းရတယ်၊ ရလည်း မရဘူး။ အရံဓာတ်အားလိုင်းရှိမယ်။ Loopပတ်ထားမယ်ဆိုရင် ဓာတ်အားပြတ်ဧရိယာ လျော့ချနိုင်မယ်၊ လုံးဝဓာတ်အားမပြတ်အောင် လုပ်လို့ရနိုင်မယ်။ အဲ့ဒါတွေ မရှိရင်တော့ မဖြစ်မနေဓာတ်အား ပြတ်မယ်ပေါ့။
အချုပ်ပြောရရင် သစ်ပင်ခုတ်တာက မူလက လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် ရည်ရွယ်တာဖြစ်ပြီး လက်ရှိကာလကတော့ GT Shutdown ချိန်မှာ System Stability အတွက်လည်း ဖြစ်ပါတယ်။ တချက်စဉ်းစားကြည့် ဘယ်သူမှတော့ ဒီလောက်ပူတဲ့ရာသီဥတုမှာ အလုပ်ထွက်လုပ်ချင်မှာ မဟုတ်ပါဘူး။
ကေ အက် စ်