ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပြိုင်ဘက် LASK ဆိုတာ ဘယ်လို အသင်းမျိုးလဲ လေ့လာကြည့်ခြင်း

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာတော့ သြစတြီးယားကလပ် LASK နဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီအသင်းက ဘယ်လို အသင်းပါလဲ။

ယူအီးအက်ဖ်အေ အဆင့်သက်မှတ်ချက်အရဆိုရင် LASK ဟာ ယူနိုက်တက်နဲ့ အဆင့်ပေါင်းများစွာ ကွာဝေးနေပြီး ပြိုင်ဘက်ကို မဟုတ်တာပါ။ သူတို့ဟာ ဥရောပအဆင့် ၁၀၃ က အသင်းဖြစ်ပြီး ယူနိုက်တက်နဲ့ ၉၃ ဆင့်ကျော် ကွာဟနေတဲ့ အသင်းဖြစ်ပါတယ်။

ကလပ်အသင်းသမိုင်းမှာ အမြင့်ဆုံးအဖြစ် ၃၂ သင်းအဆင့်ကိုပဲ ရောက်ခဲ့ဖူးပြီး ဒီတစ်ကြိမ်က ၎င်းတို့ရဲ့ သမိုင်းမှာ အမြင့်ဆုံး အနေအထားဖြစ်တယ်။ ဒါပေမယ့် လက်တလော သြစတြီးယားအမှတ်ပေးလိဂ်မှာ တိုက်စစ်စွမ်းရည်ကြောင့် နာမည်ကျော်နေတဲ့ ဆဲလ်ဘတ်ကိုတောင် ကျော်လွန်ပြီး ထိပ်ဆုံးမှာ ရှိနေတဲ့ ကလပ်အသင်း တစ်သင်းဖြစ်ပါတယ်။

LASK ဟာ လေးစားလောက်တဲ့ အသင်းတစ်သင်းဆိုရင်လည်း မမှားပါဘး။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ပါဝင်လာတာဖြစ်ပြီး သူတို့ဟာ ပြည်တွင်းမှာ ဒုတိယတန်းထိ ဆင်းခဲ့ရဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာ အဆင့်မြင့်တန်းကို ပြန်တက်လာခဲ့တာဖြစ်ပြီး ဒီရာသီမှာ လိဂ်ရဲ့ ထိပ်ဆုံးအသင်းအဖြစ် ပြန်လည် ကြိုးစားလာနိုင်တာပါ။

၎င်းကလပ်ကို ကိုင်တွယ်နေတာက နုရင်ဘတ်န့ ဝတ်ဖိုဒ့်လို ဘွန်ဒက်လီဂါကလပ်တွေကို ကိုင်တွယ်ဖူးတဲ့ Valerien Ismael ဖြစ်ပါတယ်။ အနိုင်ရလိုတဲ့ စိတ်ဓါတ်ကောင်းတွေကို ပိုင်ဆိုင်နေတာက ဗီအက်စ်ဗီ၊ စပို့တင်းတို့ ရှိနေတဲ့ ယူရိုပါလိဂ် အုပ်စုတွင်းမှာ အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တက်လာစေခဲ့တယ်။

သြစတြီးယားကလပ်ဟာ ၃၂ သင်းအဆင့်မှာတော့ နယ်သာလန်ကလပ် အယ်ခမာကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ အနိုင်ယူပြီး ၁၆ သင်းအဆင့်ကို တက်ရောက်လာကာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္မွာေတာ့ ၾသစၾတီးယားကလပ္ LASK နဲ႔ ထိပ္တိုက္ေတြ႔မွာ ျဖစ္ပါတယ္။ ဒီေတာ့ ဒီအသင္းက ဘယ္လို အသင္းပါလဲ။

ယူအီးအက္ဖ္ေအ အဆင့္သက္မွတ္ခ်က္အရဆိုရင္ LASK ဟာ ယူႏုိက္တက္နဲ႔ အဆင့္ေပါင္းမ်ားစြာ ကြာေဝးေနျပီး ျပိဳင္ဘက္ကို မဟုတ္တာပါ။ သူတို႔ဟာ ဥေရာပအဆင့္ ၁၀၃ က အသင္းျဖစ္ျပီး ယူႏုိက္တက္နဲ႔ ၉၃ ဆင့္ေက်ာ္ ကြာဟေနတဲ့ အသင္းျဖစ္ပါတယ္။

ကလပ္အသင္းသမုိင္းမွာ အျမင့္ဆံုးအျဖစ္ ၃၂ သင္းအဆင့္ကိုပဲ ေရာက္ခဲ့ဖူးျပီး ဒီတစ္ၾကိမ္က ၄င္းတို႔ရဲ႕ သမိုင္းမွာ အျမင့္ဆံုး အေနအထားျဖစ္တယ္။ ဒါေပမယ့္ လက္တေလာ ၾသစၾတီးယားအမွတ္ေပးလိဂ္မွာ တိုက္စစ္စြမ္းရည္ေၾကာင့္ နာမည္ေက်ာ္ေနတဲ့ ဆဲလ္ဘတ္ကိုေတာင္ ေက်ာ္လြန္ျပီး ထိပ္ဆံုးမွာ ရွိေနတဲ့ ကလပ္အသင္း တစ္သင္းျဖစ္ပါတယ္။

LASK ဟာ ေလးစားေလာက္တဲ့ အသင္းတစ္သင္းဆိုရင္လည္း မမွားပါဘး။ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ဥေရာပျပိဳင္ပြဲကို ပထမဆံုးအၾကိမ္ ျပန္လည္ပါဝင္လာတာျဖစ္ျပီး သူတို႔ဟာ ျပည္တြင္းမွာ ဒုတိယတန္းထိ ဆင္းခဲ့ရဖူးပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အဆင့္ျမင့္တန္းကို ျပန္တက္လာခဲ့တာျဖစ္ျပီး ဒီရာသီမွာ လိဂ္ရဲ႕ ထိပ္ဆံုးအသင္းအျဖစ္ ျပန္လည္ ၾကိဳးစားလာႏုိင္တာပါ။

၄င္းကလပ္ကို ကိုင္တြယ္ေနတာက ႏုရင္ဘတ္န႔ ဝတ္ဖိုဒ့္လို ဘြန္ဒက္လီဂါကလပ္ေတြကို ကိုင္တြယ္ဖူးတဲ့ Valerien Ismael ျဖစ္ပါတယ္။ အႏုိင္ရလိုတဲ့ စိတ္ဓါတ္ေကာင္းေတြကို ပိုင္ဆုိင္ေနတာက ဗီအက္စ္ဗီ၊ စပို႔တင္းတို႔ ရွိေနတဲ့ ယူရိုပါလိဂ္ အုပ္စုတြင္းမွာ အုပ္စုဗိုလ္နဲ႔ ေနာက္တစ္ဆင့္ကို တက္လာေစခဲ့တယ္။

ၾသစၾတီးယားကလပ္ဟာ ၃၂ သင္းအဆင့္မွာေတာ့ နယ္သာလန္ကလပ္ အယ္ခမာကို ႏွစ္ေက်ာ့ေပါင္း ၃-၂ နဲ႔ အႏုိင္ယူျပီး ၁၆ သင္းအဆင့္ကို တက္ေရာက္လာကာ ယူႏုိက္တက္နဲ႔ ထိပ္တုိက္ေတြ႔မွာျဖစ္ပါတယ္။