ခရစ်ဆက်တန် ရဲ့ ဒီည မန်စီးတီး – လူတန်တောင်း ပွဲစဉ် ကြိုတင် သုံးသပ် ဟောကိန်းထုတ်ချက် ထွက်ပါပြီ
ဒီည ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းကတော့ လူတန်တောင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အီတီဟက်မှာပဲ ဧည့်ခံ ကစားရမှာပါ။ ပွဲကတော့ ယနေ့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ စီးတီး – လူတန်ပွဲ အတွက် အခုလို သုံးသပ်ထားပါတယ်။
ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီရာသီ အစောတုန်းက လူတန်အိမ်ကွင်းမှာ မန်စီးတီးက အားထုတ်ကြိုးစားခဲ့ရတယ်။ အက်ဖ်အေဖလားမှာတော့ စီးတီးက လူတန်ကို ရှင်းထုတ်ခဲ့ပါတယ်။
ဒီပွဲက သူတို့နှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုဖြစ်ပြီး မန်စီးတီးတို့ သက်သက်သာသာ နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လူတန်ကလည်း တုန့်ပြန် တိုက်ခိုက်တာ ရှိပါလိမ့်မယ်။
အရင်အပတ်က ဘုန်းမောက်ကို နောက်က လိုက်ကစားပြီး လူတန်တို့ အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်မှာ သူတို့တွေ ဖောရက်စ်နဲ့ ရမှတ် တူနေပါတယ်။ တန်းဆင်းဇုန်ကနေ ကင်းလွတ်နိုင်ရေး အမှတ်နည်းနည်း လိုအပ်နေပေမယ့် သူတို့ ဒီပွဲမှ ဘာမှ ရနိုင်မှာ မဟုတ်ပါဘူး။
မန်စီးတီးက အရမ်းကြီး ကောင်းနေတာမျိုး မရှိပေမယ့်လို့ သူတို့ လူစာရင်းဟာ လူတန်အတွက် တောင့်တင်းနေဆဲ ဖြစ်ပါတယ်။
ခရစ်ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်စီးတီး ၃-ဝ လူတန်တောင်း ဖြစ်ပါတယ်။
