ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ ပစ်မှတ်တွေ ရှိထားပြီး လက်တလောမှာတော့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့ပါပြီ။

၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် နွေဈေကွက်မှာ ယူနိုက်တက်က ဆန်ချိုကို ကမ်းလှမ်းဖို့ ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ ရှိထားတာပါ။ ဆန်ချိုကို ခေါ်ယူဖို့က ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချယ်ဆီးတို့ကလည်း အပြိုင် ကြိုးစားနေတာ ဖြစ်ပါတယ်။

လီဗာပူးက သူတို့ရဲ့ အဓိက ပစ်မှတ်အဖြစ် လိုက်ဇစ်တိုက်စစ်မှူး ဝါနာကို ဦးတည်နေပြီဖြစ်သလို ချယ်ဆီးကလည်း ဇီယက်ကို ခေါ်ယူခဲ့ကာ တောင်ပံထက် တိုက်စစ်မှူးနဲ့ ဗဟိုခံစစ်မှူးနေရာတွေကိုပဲ အဓိက ချိန်ရွယ်သွားမယ်လို့ သိလာရတယ်။ ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို ယူရို သန်း ၁၀၀ လောက် သုံးရမှာဖြစ်ပြီး ယူနိုက်တက်က အားသာလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

သတင်းထောက် Duncan Castles က လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဆန်ချိုကို ခေါ်ယူဖို့ သွေးအေးလာခဲ့တာကြောင့် ယူနိုက်တက်က အရေးသာတဲ့ အနေအထားကို ရောက်ခဲ့ပြီလို့ ဆိုပါတယ်။

၎င်းကပဲ ” ဆန်ချိုကို ရဖို့ အခုချိန်မှာ ယူနိုက်တက်က အရေးအသာဆုံး အနေအထားကို ရောက်လာခဲ့ပါပြီ။ ဘာလို့လည်းဆိုတော့ အခြားအသင်းတွေရဲ့ ဆန်ချိုအတွက် ပေးရမယ့် မြင့်မားတဲ့ ဈေးနှုန်းအပေါ်မှာ ပါဝင်ပက်သက်လိုစိတ် နည်းလာခြင်းကြောင့်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၁၉ နှစ်အရွယ် အင်္ဂလန်တောင်ပံသမားဟာ ဒီရာသီမှာလည်း ဘွန်ဒက်လီဂါမှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေတာဖြစ်ပြီး ချန်ပီယံလိဂ် ရံှူးထွက်မှာ ပီအက်ဂျီကို အနိုင်ရအောင် ကြိုးစားပေးထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမားေကာင္းေတြ ေခၚယူဖို႔ ပစ္မွတ္ေတြ ရွိထားျပီး လက္တေလာမွာေတာ့ ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေခၚယူႏုိင္ဖို႔ ေရပန္းစားမႈ ျမင့္တက္လာခဲ့ပါျပီ။

၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီအတြက္ ေႏြေစ်ကြက္မွာ ယူႏုိက္တက္က ဆန္ခ်ိဳကို ကမ္းလွမ္းဖို႔ ၾကိဳးစားမယ္ဆိုတဲ့ သတင္းေတြ ရွိထားတာပါ။ ဆန္ခ်ိဳကို ေခၚယူဖို႔က ပရီးမီးယားလိဂ္ ကလပ္အသင္းေတြျဖစ္တဲ့ လီဗာပူး၊ ခ်ယ္ဆီးတို႔ကလည္း အျပိဳင္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

လီဗာပူးက သူတို႔ရဲ႕ အဓိက ပစ္မွတ္အျဖစ္ လိုက္ဇစ္တိုက္စစ္မွဴး ဝါနာကို ဦးတည္ေနျပီျဖစ္သလို ခ်ယ္ဆီးကလည္း ဇီယက္ကို ေခၚယူခဲ့ကာ ေတာင္ပံထက္ တိုက္စစ္မွဴးနဲ႔ ဗဟိုခံစစ္မွဴးေနရာေတြကိုပဲ အဓိက ခ်ိန္ရြယ္သြားမယ္လို႔ သိလာရတယ္။ ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳကို ယူရို သန္း ၁၀၀ ေလာက္ သံုုးရမွာျဖစ္ျပီး ယူႏုိက္တက္က အားသာလာတဲ့ အေျခအေန ျဖစ္ပါတယ္။

သတင္းေထာက္ Duncan Castles က လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ေသြးေအးလာခဲ့တာေၾကာင့္ ယူႏုိက္တက္က အေရးသာတဲ့ အေနအထားကို ေရာက္ခဲ့ျပီလို႔ ဆိုပါတယ္။

၄င္းကပဲ ” ဆန္ခ်ိဳကို ရဖို႔ အခုခ်ိန္မွာ ယူႏုိက္တက္က အေရးအသာဆံုး အေနအထားကို ေရာက္လာခဲ့ပါျပီ။ ဘာလို႔လည္းဆိုေတာ့ အျခားအသင္းေတြရဲ႕ ဆန္ခ်ိဳအတြက္ ေပးရမယ့္ ျမင့္မားတဲ့ ေစ်းႏႈန္းအေပၚမွာ ပါဝင္ပက္သက္လိုစိတ္ နည္းလာျခင္းေၾကာင့္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္ေတာင္ပံသမားဟာ ဒီရာသီမွာလည္း ဘြန္ဒက္လီဂါမွာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသေနတာျဖစ္ျပီး ခ်န္ပီယံလိဂ္ ရံွဴးထြက္မွာ ပီအက္ဂ်ီကို အႏုိင္ရေအာင္ ၾကိဳးစားေပးထားႏုိင္တာ ျဖစ္ပါတယ္။