မုန့်ဟင်းခါး ကြိုက်သူတွေ သတိထား၊ မုန့်ဟင်းခါးကို ကြည့်စားကြပါ

ဦး ကြင် ဆွိ ကြီး မုန့် ဖတ် က ၂ ရက် ခံတယ် ဆွတ် ဆွတ် လည်း ဖြူ နေတာပဲ ဟု မုန့် ဟင်း ခါး သည် ဒေါ် အေး က တ ခြား မုန့် ဟင်း ဖတ် လာ ဝယ် သူ များ ကို ပြောနေသည်။

ဆစ် နပ် (Cygnus)ကား ပေါ် က ဆင်း လာ သူ မုန့် ဖို ပိုင် ရှင် ဦး ကြင် စွိ က မုန့် နှစ် များ ထဲ သို့ ဗင် ဆင်း နဲ ဟိုက် ဒ ရို များ ဓာ တု ဗေ ဒ ပ စ္စည်း များ ကို ပု လင်း ထဲ မှ သွန် ထည့် လိုက်၏ . . . .

လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးကိုအဆာပြေ တချို့တဝ စားနေကြပါလား မုန့်ဖတ်ကလည်းဖြူဖွေးအိနေတာဘဲ ဟင်းရည်အဆစ်ကလည်းကြိုက်သလောက်တောင်း အကြော်ကလည်း ရွ၊ ကြွပ်မာပြောင်နေတာဘဲ အားပေးလိုက်ကြတာ….

ဆေးခန်းလာနေကြ မမူမူက အလုပ်မသွားခင် အမြဲတန်း မုန့်ဟင်းခါး စားလေ့ရှိတာကြာလှပြီ။

တနေ့မမူမူ … ဆရာရေ ခဏခဏမောတယ် ၊စားချင်စိတ်လည်းမရှိဘူး ၊ ခြေခုံဖောတယ် ဆိုပြီးလာပြပါရော။

ဟုတ်ပါ့ ခြေဖမိုးတွေဖောပြည့်နေတာ ၊ မျက်လုံးအောက်လည်း ဖောင်းအိနေပါပေါ့လား ၊ မျက်ခွံ လှန်ကြည့်တော့ဖွေးနေပြီ ၊ဆီးချို သွေးတိုး စစ်တော့ သူ့မှာမရှိ ….

ဆီးခဏခဏသွားလား အမြှုပ်ထလား ကြွက်တက်တတ်လား အသားယားလား မေးတော့ ဟုတ်ကဲ့တဲ့။

သူ့ကို Urine R E စစ်ကြည့်တော ဆီးမှာမပါသင့်တဲ့ ပရိုတင်းဓါတ် နဲ့ သွေးစပါနေပြီ သွေးစစ်တော့ Urea နဲ့ Creatine ပါနေပြီ ကျောက်ကပ် ထိနေပြီသိလိုက်ရ၏ ။

စားသောက်မှု ပုံစံမေး၏ ။ ကျောက်ကပ်ပျက်စေတဲ့ ဆီးချို သွေးတိုးမရှိ ။

ပျက်စေတဲ့အကြောင်းအရာစဉ်းစားကြည့်နေရင်း ဆေးခန်းလာပြတိုင်း မုန့်ဟင်းခါးထုတ် ပါလာတာတွေ့ရ၏။

ထမင်းကို မုန့်ဟင်းခါးနဲ့ မကြာခဏ စားလေ့ရှိတာ သတိထားမိတော့သည်။

အဖြေကားရှင်းလေပြီ …

မြန်မာပြည်မှာ ကျောက်ကပ်ပျက်စေတတ်တဲ့ အဓိကအချက်ကိုစဉ်းစားမိ၏ ။

အစားအစာတွေကို ကြာရှည်ခံဖို့ အရောင်လှဖို့ ဆေးတွေသုံးနေတာကြာပေါ့။ မေးတော့ တခြားဟာမပါ မုန့်ဟင်းခါးဘဲ မနက် ည စွဲ စားတာသိရပြီ။

အဖြေကားထွက်လေပြီ မုန့်ဟင်းခါးမုန့်ဖတ်။

ဒီနေ့မကုန် နောက်နေ့ ပါစားသုံးရတဲ့မုန့်ဖတ်တွေ မပုတ်မသိုးဖို့ ဖော်မလင် formalene တို့ ဗန်ဆင်း benzene တို့ ထည့်သုံးနေတာကြာပြီပဲ။

ဆယ်စုနှစ် ၃ စုလောက်မကပေါ့ အဲဒါထည့်သုံးရင်မုန့်ဖတ်က ၂ ရက်ခွဲလောက်ခံတာကိုး ဟုတ်ပြီ ဒါကတမျိုး …
နောက်တခုက ချွတ်ဆေးမထည့်ရင် ဟိုးအရင်ကမုန့်ဖတ်တွေရဲ့မူလအရောင်က ညိုကျင့်ကျင့်ပျော့ပျော့ ၊

မန္တလေး ခိုတောင်ဖက်ကဆို ပြာကျင့်ကျင့်သန်းသရောင်လို ဟော ချွတ်ဆေး hidro လည်းသုံးရော ဖြူဖွေးဆွတ်ဆွတ်ဖြူနေပြီ ။

အကြောင်းမသိသူတို့အတွက် တအားစားချင်စရာ သွားရည်တမြားမြားနဲ့ပေါ့

စားသူက ရေနွေးနဲ့အချိုမူန့်ရောထားတဲ့ ဟင်းရည် ထပ် ထပ်ရောထားတာ မသိဘဲနေတာမှမဟုတ်တာ …

သူ့ ခံယူချက်က ကြာရှည်ခံဆေး၊ ချွတ်ဆေး နဲ့ M S G ခေါ်တဲ့ အချိုမူန့် တွေဟာခုချက်ခြင်းထ ဒုက္ခ ပေးတာမှမဟုတ်တာ၊ နှစ်နဲနဲကြာတော့မှ ကျောက်ကပ်ပျက်တာကအစ ကင်ဆာတွေဖြစ်နိုင်တာ။

ကြားဖူးသလိုရှိချင်ရှိမဲ့ နောင်ခါလာနောင်ဈေး ခုချက်ခြင်းထဖြစ်တာမှမဟုတ်တာ၊ ဂရုမစိုက်ကြတော့ ။

ခုတော့ မူမူ တစ်ယောက် နောင်ခါလာနောင်ဈေး က ရောက်လာခဲ့ပြီ၊ ကျောက်ကပ်စထိခိုက်လာပြီ ။

ဆီးနဲ့ကျောက်ကပ် အထူးကု ဆရာဝန်ဆီလွဲလိုက်၏။

ဓါတ်မှန် အာထရာဆောင်း C T Scan သွေးစစ်မူအမျိုးမျိုး ခဏခဏလုပ်လာရ၏ ပထမ ဒုတိယအခေါက်တွေမှာ ပိုက်ဆံ ကျွတ်ကျွတ်အိပ်နဲ့ အပြည့်ထည့်ထည့်သွားရတာ ၊အိမ်ပြန်ရောက်တော့ အိတ်ခွံဘဲကျန်တော့သည် …

သက်သာလိုက် မသက်သာလိုက် နောက်ဆုံး ခါးနံဘေးမှ ခွဲ၍အသားစယူ Biopsy စစ်၏ ။
ကျောက်ကပ် ၂ခုလုံးကားပျက် စီးနေပေပြီ ။
ကျောက်ကပ်ဆေးတွေဈေးနူန်းက တံချူနှင့်ပင်မမှီတော့ ။

မူမူ့ ရတနာပစ္စည်းတွေ တခုမှမကျန်တော့ ၊သူ့အမေ နားကပ် ဆွဲကြိုး လက် စွပ် ကုန်လေပြီ …

ဒီနေ့ ကျောပ်ကပ်ဆရာဝန်ကြီးက အလားအလာ အဆုံးအဖြတ်ပေးမည်ဆိုတာ မူမူသည် ရင်ခုံစွာစောင့်နေ၏
ဆရာမလေးက မမူမူ အမှတ် ၃၄ ဝင်ပါရှင့်
” ကဲ ဆေးစစ်ချက်တွေပြ သမီး ”

တော်တော်ကြာကြည့်ပြီး ဆရာကြီးမျက်နှာတချက်ပျက်သွား၏

” အေး သမီး စိတ်မကောင်းမဖြစ်ပါနဲ့ ကျောက်ကပ်တော့ဆေးရမယ် သဘက်ခါ စဆေးမယ် တပတ် ၂ ခါဆေးရမယ်”
” ဘယ်နှစ်ခါဆေးရမလဲ ဆရာ ”
” အင်း တသက်လုံး အသက်ရှင်သရွေ့တော့ ဆေးရမှာပေါ့ သမီး ”
” တစ်ခါဆေးခ ငါးသောင်းခြောက်သောင်း၊ သွေးသွင်းရမယ်ဆိုထပ်ကုန်မှာပေါ့
ဆေးဝယ်ကရိယာဝယ်နဲ့ အကြမ်းပြင်း တသိန်းဝန်းကျင် လိုလိုသလိုလည်းပါမှာပါ ”

မူမူ တခါဆေး၊ တသိန်းပျော့ပျော့ တပတ်၂ခါ နဲ့ တလ ၈ခါ ၈သိန်းပေါ့ ။ တက်ဆီစရိတ်မပါသေး ၊အစောင့် အကူကခေါ်ရဦးမယ် ၊ အလုပ်လည်းလုပ်မရတော့ဘူး ဘာပိုက်ဆံနဲ့သွားကုရမလဲ… ”

ဟုတ်ပေ၏ ။ ဒါမစားရလည်း ဘာတွေစားကြမလဲ ။ စားစရာကိုမရှိတော့ဘူးဆရာ ကျနော်ပင်ဦးနှောက်ခြောက်ရပါ၏…

ရံဖန်ရံခါ အနည်းအများ အရောင်အဆင်း ဆေးနံ့လေးသင်းမသင်း စွဲစားမူမမူ ….( ပညာ ) သာသုံးပေတော့….ကျနော်လည်း ပညာသာပေးနိုင်၏။

အားလုံးဘေးကင်းကြပါစေ။

ရေးသားသူ
ဒေါက်တာသန်းထွန်း