ကလပ်ဘရုစ်နဲ့ ပွဲမှာ နည်းပြ ဆိုးရှား လမ်းညွှန်မှုတစ်ခုကို ငြင်းပယ်ခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမားသစ် ဘရူနို ဖာနန်ဒက်စ်ဟာ ကလပ်ဘရုစ်နဲ့ ကစားခဲ့တဲ့ ဒုကျော့ ယူရိုပါလိဂ်ပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး ထိုပွဲမှာ နည်းပြဆိုးရှားက ၎င်းကို ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲကာ နားစေခဲ့ပါတယ်။

ပေါ်တူဂီသားဟာ အိုးထရက်ဖို့ဒ် ရောက်လာတည်းက တောက်လျောက် ခြေစွမ်းပြနေပြီး ဆိုးရှား ကျေနပ် အားရနေရသူ ဖြစ်ပါတယ်။ ကလပ်ဘရုစ်နဲ့ ပွဲအပြီး ရှင်းလင်းပွဲမှာ ဆိုးရှားက စိတ်အားထက်သန်နေတဲ့ သူ့ ကစားသမား ဖာနန်ဒက်စ်ဟာ သူ့စကားကိုတောင် နားမထောင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ဖွင့်ဟခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ငါးဂိုးပြတ် နိုင်ပွဲကြီး ရခဲ့တဲ့ ထိုပွဲမှာ အသင်း အတွက် ပင်နယ်တီကနေ တစ်ဆင့် ဂိုးသွင်းယူပေးခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကွင်းလယ်သမားကို ဒုတိယပိုင်း တစ်ဝက်လောက်မှာ ဆိုးရှားက လူစားလဲခဲ့ပြီး ကွင်းထဲက ထွက်လာခဲ့တဲ့ ဖာနန်ဒက်စ်ကို ဆိုးရှားက နှစ်သိမ့်အားပေးနေခဲ့တာ တွေ့ရပါတယ်။

ဆိုးရှားက ရာသီဥတုအေးတာကြောင့် ဖာနန်ဒက်စ်ကို အဝတ်လဲခန်းထဲမှာ အနားယူရင်း ပွဲကို ဆက်ကြည့်ဖို့ လွှတ်ခဲ့ပေမယ့် ပေါ်တူဂီသားကတော့ အရန်ခုံမှာပဲ ဆက်နေကာ ပွဲကို အားပေးခဲ့ပါတယ်။

” ကျနော် ပွဲချိန် ၆၅ မိနစ်မှာ သူ့ကို လူစားလဲဖို့ ခေါ်လိုက်တော့ သူ မလာချင်ခဲ့ဘူး။ ဒါက တစ်ချက်ပေါ့။ သူက ဘောလုံးကို ချစ်ကို ချစ်တဲ့သူမျိုးပေါ့။ အားထုတ်မှု ကြိုးစားမှုကလည်း အပြည့်ရှိတယ်။ သူက ကွင်းထဲမှာ ဆက်နေချင်တယ် ပိုကောင်းအောင် ကစားချင်တယ်။

ရာသီဥတုက သိပ်အေးတာကြောင့် ကျနော် သူ့ကို အထဲဝင်စေချင်ခဲ့တယ်။ ဒါပေမယ့် သူက ကျနော် ဒီမှာ ကြည့်ချင်တယ်လို့ ပြောခဲ့တယ်။ သူကလည်း old-school တစ်ယောက်ပဲ။ ဘောလုံးကသာ သူ့အတွက် အရာရာပဲ။ သူ့ကို ရလိုက်တာ ကျနေ်ာတို့ အတွက် လုံး၀ အင်အားကြီး တစ်ရပ် တိုးတာပဲ ဖြစ်တယ်။ ” လို့ ဆိုးရှားက ဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ် ရောက်လာပြီးနောက် ယူနိုက်တက် ကစားပုံက ပို ကျစ်လစ်ကာ သက်ရောက်မှု ရှိလာပြီး ခံစစ်ပိုင်းမှာပါ တိုးတက်မှု ပြသလာခဲ့ပါတယ်။ ယူနိုက်တက် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲက ပေးဂိုး မရှိပါဘူး။

Zawgyi – ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမားသစ္ ဘရူနို ဖာနန္ဒက္စ္ဟာ ကလပ္ဘရုစ္နဲ႕ ကစားခဲ့တဲ့ ဒုေက်ာ့ ယူရိုုပါလိဂ္ပြဲမွာလည္း ေျခစြမ္းျပခဲ့ျပီး ထိုပြဲမွာ နည္းျပဆိုးရွားက ၄င္းကို ပြဲခ်ိန္ ၆၅ မိနစ္မွာ လူစားလဲကာ နားေစခဲ့ပါတယ္။

ေပၚတူဂီသားဟာ အိုးထရက္ဖို႔ဒ္ ေရာက္လာတည္းက ေတာက္ေလ်ာက္ ေျခစြမ္းျပေနျပီး ဆိုးရွား ေက်နပ္ အားရေနရသူ ျဖစ္ပါတယ္။ ကလပ္ဘရုစ္နဲ႕ ပြဲအျပီး ရွင္းလင္းပြဲမွာ ဆိုးရွားက စိတ္အားထက္သန္ေနတဲ့ သူ႔ ကစားသမား ဖာနန္ဒက္စ္ဟာ သူ႔စကားကိုေတာင္ နားမေထာင္နိုင္ခဲ့တဲ့ ျဖစ္ရပ္တစ္ခုကို ဖြင့္ဟခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ ငါးဂိုးျပတ္ နုိင္ပြဲၾကီး ရခဲ့တဲ့ ထိုပြဲမွာ အသင္း အတြက္ ပင္နယ္တီကေန တစ္ဆင့္ ဂိုးသြင္းယူေပးခဲ့ပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ကြင္းလယ္သမားကို ဒုတိယပိုင္း တစ္၀က္ေလာက္မွာ ဆိုးရွားက လူစားလဲခဲ့ျပီး ကြင္းထဲက ထြက္လာခဲ့တဲ့ ဖာနန္ဒက္စ္ကို ဆုိးရွားက နွစ္သိမ့္အားေပးေနခဲ့တာ ေတြ႔ရပါတယ္။

ဆိုးရွားက ရာသီဥတုေအးတာေၾကာင့္ ဖာနန္ဒက္စ္ကို အ၀တ္လဲခန္းထဲမွာ အနားယူရင္း ပြဲကို ဆက္ၾကည့္ဖို႔ လႊတ္ခဲ့ေပမယ့္ ေပၚတူဂီသားကေတာ့ အရန္ခံုမွာပဲ ဆက္ေနကာ ပြဲကို အားေပးခဲ့ပါတယ္။

” က်ေနာ္ ပြဲခ်ိန္ ၆၅ မိနစ္မွာ သူ႔ကို လူစားလဲဖို႔ ေခၚလိုက္ေတာ့ သူ မလာခ်င္ခဲ့ဘူး။ ဒါက တစ္ခ်က္ေပါ့။ သူက ေဘာလံုးကို ခ်စ္ကို ခ်စ္တဲ့သူမ်ိဳးေပါ့။ အားထုတ္မႈ ၾကိဳးစားမႈကလည္း အျပည့္ရွိတယ္။ သူက ကြင္းထဲမွာ ဆက္ေနခ်င္တယ္ ပိုေကာင္းေအာင္ ကစားခ်င္တယ္။

ရာသီဥတုက သိပ္ေအးတာေၾကာင့္ က်ေနာ္ သူ႔ကို အထဲ၀င္ေစခ်င္ခဲ့တယ္။ ဒါေပမယ့္ သူက က်ေနာ္ ဒီမွာ ၾကည့္ခ်င္တယ္လို႔ ေျပာခဲ့တယ္။ သူကလည္း old-school တစ္ေယာက္ပဲ။ ေဘာလံုးကသာ သူ႔အတြက္ အရာရာပဲ။ သူ႔ကို ရလိုက္တာ က်ေန္ာတို႔ အတြက္ လံုး၀ အင္အားၾကီး တစ္ရပ္ တိုးတာပဲ ျဖစ္တယ္။ ” လို႔ ဆိုးရွားက ဆိုခဲ့ပါတယ္။

ဖာနန္ဒက္စ္ ေရာက္လာျပီးေနာက္ ယူနုိက္တက္ ကစားပံုက ပို က်စ္လစ္ကာ သက္ေရာက္မႈ ရွိလာျပီး ခံစစ္ပိုင္းမွာပါ တိုးတက္မႈ ျပသလာခဲ့ပါတယ္။ ယူနိုက္တက္ ေနာက္ဆံုး ကစားထားတဲ့ ျပိဳင္ပြဲစံု ၆ ပြဲမွာ ၅ ပြဲက ေပးဂိုး မရွိပါဘူး။