အာလူးကြော် ကြိုက်တတ်သူများ သိထားရန်

အာလူးကြော်ကြိုက်တတ်သူများ သိထားရန်
ပြောင်းလဲလာတဲ့ ခေတ်အချိန်အခါနဲ့အတူ အသင့်စား အစားအစာတွေကလည်း ပေါများလာပါတယ်။ အစာစားတာ အာဟာရ ဖြစ်တယ်ဆိုပေမယ့် တစ်ဖက်မှာ ပါဝင်ပစ္စည်း သုံးထားတဲ့ အစားအစာ အရည်အသွေးကလည်း သတိထားလာရပြန်ပါတယ်။
ဒီတစ်ခေါက်မှာတော့ လူတိုင်းနီးပါးကြိုက်ကြတဲ့ အားလူးကြော်တွေထဲမှာ သတိထားရမယ့် ကင်ဆာဖြစ်စေနိုင်တဲ့ acrylamid အကြောင်းကို မျှဝေပေးသွားပါမယ်။
Acrylamide ဆိုတာဘာလဲ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေသတ်မှတ်ထုတ်ပြန်ထားတဲ့ ကင်ဆာဖြစ်စေသော chemical တစ်ခုဖြစ်ပါတယ်။ ကင်ဆာဖြစ်စေတတ်တယ်လို့ပဲ တွေ့ရှိထားတာပါ ဖြစ်ကိုဖြစ်မယ်လို့တော့ မဆိုနိုင်သေးပါဘူး။
Acrylamide က ဘယ်လိုရလာတာလဲ?
အများအားဖြင့် ရာဘာစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ လျှပ်စစ်ပစ္စည်းပစ္စည်းတွေကနေ ထွက်တယ်ဆိုတာကို အတိအလင်းတွေ့ရှိခဲ့ပြီးပါပြီ။ စက်ရုံ အလုပ်ရုံတွေကနေရတဲ့ chemical မို့ industrial carcinogen လို့လည်းခေါ်ဆိုကြပါတယ်။
နောက်အရေးကြီးတာ တစ်ခုက ဆေးလိပ်ပါ ဆေးလိပ်သောက်တဲ့သူတွေမျာ ဒီလို chemical တွေကို သွေးထဲမှာ တွေ့ရတယ်လို့ဆိုပါတယ်။
Acrylamide နှင့် အစားအသောက်
Acrylamide ဆိုတာ စက်ရုံကနေရတာမှန်ပေမယ့် နောက်ပိုင်းလေ့လာချက်တွေမှာတော့ ထူးခြားတာတွေ ထပ်တွေ့လာရပါတယ်။ ခုလိုစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ခြင်းလည်း မရှိ ဆေးလိပ်သောက်ခြင်းလည်း မရှိပဲ သွေးထဲများနေတာပါ။ ဒီတွေ့ရှိချက်ကတော့ တကယ့်ကို တုန်လှုပ်သွားစေတဲ့အချက်ပါ။ တရားခံကို လိုက်ရှာကြည့်တော့မှ Potato chip လို့ခေါ်တဲ့ အားလူးကြော် မှာသွားပြီးတွေ့ခဲ့ကြပါတယ်။
ထူးဆန်းတဲ့ တွေ့ရှိချက်
အာလူးမှာ ကပ်စီဓာတ်ပါတယ်ဆိုတာလူတိုင်းသိကြပါလိမ့်မယ် ထူးခြားတာတစ်ခုကတော့ သူထဲမှာပါတဲ့ amino acid တစ်မျိုးကြောင်းပဲဖြစ်ပါတယ်။ Asparagine လို့ခေါ်တဲ့ amino acid ကို အပူပေးလိုက်မယ်ဆိုရင် ထူးခြားစွာ acrylamide ဓာတ်ထွက်လာပါတယ် လွယ်လွယ်ပြောမယ်ဆို (အာလူးကြော်) ပဲဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတာ တစ်ခုကတော့ acrylamide ထွက်ရှိလာတဲ့ ပမာဏ သည် အပူချိန်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ပါပဲ။ ကြွပ်ရွ တာကနေတဆင့် တူးတဲ့အဆင့်ဆိုရင်တော့ သေချာပေါက် ပိုများများပါလာနိုင်ပါပြီ။ နောက်ထပ်တစ်ချက်ကတော့ အချိန်ကြာကြာအပူပေးပြီးကြော်ရင် ပိုထွက်လာတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
Acrylamide နဲ့ ကင်ဆာ
Acrylamide သွေးထဲမှာများနေရင် အစာရေမြိုပြွန်ကင်ဆာ၊ သားအိမ်၊ သားဥအိမ်ကင်ဆာ၊ ပန်းကရိယကင်ဆာ၊ ရင်သားကင်ဆာ တွေဖြစ်တတ်တယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
Acrylamide ဘယ်လိုရှောင်ကြမလဲ?
လွယ်လွယ်ပြောရမယ်ဆိုရင်တော့ ကြိုက်ပေမယ့်လည်း မစားတဲ့နည်းလမ်းပဲရှိပါလိမ့်မယ်။ ဒါပေမယ့် နည်းလမ်းတစ်ခုတော့ရှိတာ သိထားစေချင်ပါတယ် ဒါလည်းထူးခြားတဲ့တွေ့ရှိချက်တစ်ခုပါပဲ။
– Vitamin C နဲ့တွဲစားရင် ဓာတ်ပြယ်ပါတယ်
– အပူချိန် ၁၂၀ အထက်မကြော်ရင်လည်း မထွက်လာပါဘူး ဆိုတဲ့အချက်ပါပဲ။
မှန်ကန်သော ကျန်းမာရေး ဗဟုသုတများရကြပါစေ ဆုတောင်းရင်း
Dr Kyaw