ဒီရာသီမှာ ထူးထူးခြားခြား ဥရောပ ချန်ပီယံ နှစ်ထပ်ကွမ်း ဖြစ်နိုင်တဲ့ ကယ်ဗင်ဖီးလစ်

အင်္ဂလန်သား ကွင်းလယ် ကစားသမား ကယ်ဗင်ဖီးလစ်ဟာ ထူးထူးခြားခြား အနေနဲ့ ဒီရာသီ ဥရောပ ချန်ပီယံ ဆုတံဆိပ် ၂ ထပ်ကွမ်း ရရှိကာ ရာသီသိမ်းနိုင်မဲ့ အခွင့်အရေးမျိုး ရရှိနေပါတယ်။

ဖီးလစ် ရရှိနိုင်တာက မန်စီးတီးနှင့် ဝက်စ်ဟမ်းတို့ကြောင့် ဖြစ်ပါတယ်။ တကယ်လို့များ မန်စီးတီးသာ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်လာနိုင်ပါက ကယ်ဗင်ဖီးလစ်ဟာ အရန်အဖြစ် ၃ ပွဲ၊ ၁ ပွဲပွဲထွက်ကစားခဲ့မှုနှင့်အတူ ဆုတံဆိပ် ရရှိနိုင်ပါမယ်။

သူဟာ ဇန်နဝါရီလတွင် ဝက်စ်ဟမ်းသို့ အငှားဖြင့် ရောက်လာပြီးနောက် ယူရိုပါလိဂ်တွင်လည်း ၂ ပွဲကစားထားပါတယ်။

ဒါကြောင့် ဝက်စ်ဟမ်းသာ ယူရိုပါလိဂ်ဖလား ရရှိလာပါက ကယ်ဗင်ဖီးလစ်မှာ သေချာပေါက် ယူရိုပါလိဂ်ဆုတံဆိပ် ရရှိလာပါမယ်။

ဖီးလစ် ဟာ ယခုရာသီ ပထမရာသီဝက်တုန်းက မန်စီးတီးတွင် ၁၀ ပွဲတည်းသာ ကစားခွင့်ရရှိမှုနှင့်အတူ ဝက်စ်ဟမ်းသို့ အငှားဖြင့် ပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်နှင် ၃ ဂိုးစီသရေကျခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ အီတီဟတ်ကွင်းမှာ ဒုတိယအကျော့ကစားရပါမယ်။

ဝက်စ်ဟမ်းမှာ ပထမအကျောတွင် လေဗာကူဆင်အား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ကြာသပတေးနေ့မှာ London Stadium မှာ ဒုတိယအကျော့ ဧည့်ခံကစားရပါမယ်။