မန်စီးတီးကို ထိန်းချုပ်လို့ မရတော့ဘူးဆိုတဲ့ အာတီတာနဲ့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်မယ်ဆိုတဲ့ ဂွာဒီယိုလာ

အမှတ်ပေးဇယားကို ဦးဆောင်လိုက်တဲ့ မန်စီးတီးအသင်းအပေါ် ထိန်းချုပ်လို့ မရနိုင်တော့ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ အနိုင်ရမယ်ဆိုရင် အဆင့်တစ်နေရာကို တက်လှမ်းနိုင်မှာဖြစ်ပေမဲ့ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးက အဆင့်တစ်နေရာကနေ ၂ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့တာပါ။

ချန်ပီယံဆုအတွက် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလို့ မရတော့တာကြောင့် မန်စီးတီး အသင်းကို ထိန်းချုပ်လို့မရနိုင်တော့ကြောင်း၊ ကိုယ်ကစားရမယ့် လက်ကျန်ပွဲစဉ်တွေကို နိုင်ပွဲရဖို့ ကြိုးပမ်းရုံသာရှိတော့ကြောင်း အာတေတာက ပြောပါတယ်။

ဂွာဒီယိုလာက ” ၆ပွဲကျန်ပါသေးတယ် ။ ကျွန်တော်တို့ ဒီပွဲတွေမှာ တခုခု ချွတ်ချော်ခဲ့ရင်တော့ ချန်ပီယံ ဖြစ်မယ့် အသင်းကို ဂုဏ်ပြုရုံပါပဲ ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ထားကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ကျန် ၆ ပွဲအလိုမှာ မန်စီးတီးအသင်းက အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကို ၂ မှတ်အသာနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။