အံ့မခန်း ထိုးတက်သွားပြီဖြစ်တဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ချေ ရာခိုင်နှုန်း

ဘောလုံးရာသီ အဆုံးသတ်ဖို့ ၆ ပွဲပဲ ကျန်ရှိချိန်မှာ မထင်မှတ်ထားတာတွေ ဖြစ်လာနေခဲ့ပြီး အဆင့် ၃ နေရာက မန်စီးတီးက ဇယားထိပ်ကို ဦးဆောင်သွားခဲ့ပါပြီ။

စနေနေ့တုန်းက မန်စီးတီးအသင်း လူတန်တောင်းကို ၅-၁ ဖြင့် အနိုင်ရခဲ့ပေမယ့် လီဗာပူးနဲ့ အာဆင်နယ်တို့က အိမ်ကွင်းတွေမှာ ပြိုင်ဘက်တွေကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ကျန် ၆ ပွဲလုံး အနိုင်ရကြမယ်ဆိုရင် မန်စီးတီးက ချန်ပီယံဖြစ်သွားဖို့ ရှိနေကာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ၄ ရာသီဆက် ချန်ပီယံ ဖြစ်လာဖွယ် ရှိပါတယ်။

ပွဲစဉ် ၃၂ အပြီး Opta ရဲ့ စူပါကွန်ပျူတာကတော့ ချန်ပီယံဖြစ်မယ့် အသင်းကို ခန့်မှန်းရာမှာ မန်စီးတီးဟာ ယခင် ၂၉.၅% ကနေ ၇၀.၁% ထိ ထိုးတက်သွားခဲ့ပါပြီ။

အာဆင်နယ်ကတော့ ချန်ပီယံဖြစ်နိုင်ချေ ၃၀.၃% ကနေ ၁၈.၃% ထိ ကျဆင်းခဲ့ကာ လီဗာပူးဆိုရင် ၂၉.၁% ကနေ ၁၁.၇% ထိ ထိုးကျသွားခဲ့ပါတယ်။