ယူနိုက်တက် ရလဒ်တွေကောင်းလာခြင်းမှာ အဓိကကျတဲ့ အသင်းသား နှစ်ဦးကို ဘာဘာတော့ဗ် ထုတ်ဖော်

ယူနိုက်တက် ရလဒ်တွေကောင်းလာခြင်းဟာ ဖာနန်ဒက်စ်ရဲ့ ပါဝင်ပက်သက်မှုက ကြီးမားပေမယ့် ကလပ်အသင်းအတွက် အဓိကအကျိုးဖြစ်ထွန်းစေတဲ့ နောက်ထပ် အသင်းသား တစ်ဦးအကြောင်းကိုပါ ဘာဘာတော့ဗ်က ထုတ်ပြောလာပါတယ်။

” ယူနိုက်တက်က ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ချယ်ဆီးနဲ့ စပါးတို့ ခြေစွမ်းတွေ မတည်ငြိမ်နေတာကြောင့် မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူ။ ဖာနန်ဒက်စ်လက်အောက်မှာ ယူနိုက်တက်က ခြားနားတဲ့ အသင်းဖြစ်လာခဲ့ပြီး သူဟာ ဘောလုံးလက်ခံဖို့ အမြဲတမ်း အသင်းရှိနေသလို ကိုယ်တိုင်လည်း တိုက်စစ်ကို မောင်းနှင်ပြီး သွင်းဂိုးတွေကို ခြိမ်းခြောက်နိုင်သူပါ။

တိုက်စစ်မှူးအနေနဲ့ ကျနော်လည်း သူ့လို ကွင်းလယ် ကစားသမားနဲ့ တွဲဘက်ကစားလိုပါတယ်။ တိုက်စစ်သမားတွေရဲ့ နောက်မှာ သူ့လို ပံ့ပိုးပေးမှုကောင်းမယ့် ကွင်းလယ်လူသမားမျိုးရှိတာ အရမ်းကို ကောင်းပါတယ်။ သူက ဖန်တီးနိုင်စွမ်း မြင့်မားပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင်စွမ်းရှိတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်အရ ခံစစ်ပိုင်း ကူညီမှုတွေကို တိုးတက်လာအောင် လုပ်ပေးဖို့ပဲ လိုပါတယ်။ ဒါကလည်း ပရီးမီးယားလိဂ်မှာ ပါဝင်ကစားတာ ကြာလာတာနဲ့အမျှ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လာမှာဖြစ်ပြီး သူ ကောင်းကောင်းကြီး လုပ်လာနိုင်ပါလိမ့်မယ် ” လို့ ဖာနန်ဒက်စ်ကို ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းလာနေခဲ့ပြီး အဓိကအားဖြင့် ခံစစ်ပိုင်း ပေးဂိုး နည်းပါလာခဲ့ပါတယ်။ ဒါဟာ အသင်း နိုင်ပွဲတွေ ရလာဖို့ အဓိကကျတဲ့ အကြောင်းရင်းဖြစ်ပြီး ဒီအပိုင်းမှာလည်း မက်ဂွဲရားရဲ့ ပါဝင် ပက်သက်မှုက ကြီးမားတာဖြစ်တယ်။

ဘာဘာတော့ဗ်ကပဲ ” ယူနိုက်တက်ရဲ့ တရားဝင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း ခံရပြီးကတည်းက မက်ဂွဲရားက ကစားပုံ တိုးတက်လာခဲ့တယ်။ ယူနိုက်တက်ရဲ့ ခံစစ်ကလည်း တိုးတက်လာခဲ့ပါတယ်။ ဒီအပတ် အဲဗာတန်နဲ့ပွဲမှာ ခံစစ်ကစားပုံကို ဆက်ထိန်းနိုင်ဖိုဖ့လိုတယ်။ ဒီပွဲက ကလပ်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ရလဒ္ေတြေကာင္းလာျခင္းဟာ ဖာနန္ဒက္စ္ရဲ႕ ပါဝင္ပက္သက္မႈက ၾကီးမားေပမယ့္ ကလပ္အသင္းအတြက္ အဓိကအက်ိဳးျဖစ္ထြန္းေစတဲ့ ေနာက္ထပ္ အသင္းသား တစ္ဦးအေၾကာင္းကိုပါ ဘာဘာေတာ့ဗ္က ထုတ္ေျပာလာပါတယ္။

” ယူႏုိက္တက္က ထိပ္ဆံုးေလးသင္းထဲ ဝင္ႏုိင္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးနဲ႔ စပါးတို႔ ေျခစြမ္းေတြ မတည္ျငိမ္ေနတာေၾကာင့္ မျဖစ္ႏုိင္တဲ့ ကိစၥေတာ့ မဟုတ္ပါဘူ။ ဖာနန္ဒက္စ္လက္ေအာက္မွာ ယူႏုိက္တက္က ျခားနားတဲ့ အသင္းျဖစ္လာခဲ့ျပီး သူဟာ ေဘာလံုးလက္ခံဖို႔ အျမဲတမ္း အသင္းရွိေနသလို ကိုယ္တိုင္လည္း တိုက္စစ္ကို ေမာင္းႏွင္ျပီး သြင္းဂိုးေတြကို ျခိမ္းေျခာက္ႏုိင္သူပါ။

တိုက္စစ္မွဴးအေနနဲ႔ က်ေနာ္လည္း သူ႔လို ကြင္းလယ္ ကစားသမားနဲ႔ တြဲဘက္ကစားလိုပါတယ္။ တိုက္စစ္သမားေတြရဲ႔ ေနာက္မွာ သူ႔လို ပံ့ပိုးေပးမႈေကာင္းမယ့္ ကြင္းလယ္လူသမားမ်ိဳးရွိတာ အရမ္းကို ေကာင္းပါတယ္။ သူက ဖန္တီးႏုိင္စြမ္း ျမင့္မားျပီး ဂိုးေပါက္ ျခိမ္းေျခာက္မႈေတြလည္း လုပ္ႏုိင္စြမ္းရွိတယ္။

သူ႔ရဲ႕ စြမ္းေဆာင္ရည္အရ ခံစစ္ပိုင္း ကူညီမႈေတြကို တုိးတက္လာေအာင္ လုပ္ေပးဖို႔ပဲ လိုပါတယ္။ ဒါကလည္း ပရီးမီးယားလိဂ္မွာ ပါဝင္ကစားတာ ၾကာလာတာနဲ႔အမွ် အေတြ႔အၾကံဳေကာင္းေတြ ပိုင္ဆိုင္လာမွာျဖစ္ျပီး သူ ေကာင္းေကာင္းၾကီး လုပ္လာႏုိင္ပါလိမ့္မယ္ ” လို႔ ဖာနန္ဒက္စ္ကို ခ်ီးက်ဴးခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ေနာက္ပိုင္းပြဲေတြမွာ ရလဒ္ေတြ ျပန္ေကာင္းလာေနခဲ့ျပီး အဓိကအားျဖင့္ ခံစစ္ပိုင္း ေပးဂိုး နည္းပါလာခဲ့ပါတယ္။ ဒါဟာ အသင္း ႏုိင္ပြဲေတြ ရလာဖို႔ အဓိကက်တဲ့ အေၾကာင္းရင္းျဖစ္ျပီး ဒီအပိုင္းမွာလည္း မက္ဂြဲရားရဲ႕ ပါဝင္ ပက္သက္မႈက ၾကီးမားတာျဖစ္တယ္။

ဘာဘာေတာ့ဗ္ကပဲ ” ယူႏုိက္တက္ရဲ႕ တရားဝင္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးျခင္း ခံရျပီးကတည္းက မက္ဂြဲရားက ကစားပံု တိုးတက္လာခဲ့တယ္။ ယူႏုိက္တက္ရဲ႕ ခံစစ္ကလည္း တိုးတက္လာခဲ့ပါတယ္။ ဒီအပတ္ အဲဗာတန္နဲ႔ပြဲမွာ ခံစစ္ကစားပံုကို ဆက္ထိန္းႏုိင္ဖိုဖ႔လိုတယ္။ ဒီပြဲက ကလပ္အတြက္ စမ္းသပ္မႈတစ္ခု ျဖစ္လာႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။