ချန်ပီယံလိဂ်မှာ ဒီ ၃ ယောက်ကို သွားမလှောင်လိုက်နဲ့လို့ အန်ဆယ်လော့တီ သတိပေး

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားတွေကို လျှော့မတွက်ကြဖို့ သတိပေးပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ဘာနေဗျူးကွင်းအတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က မန်စီးတီးကွင်းလယ်ရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။
မန်စီးတီးမှာ ဒီဘရိုင်း မပါသည့်တိုင် ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီတို့က ခြေစွမ်းပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပထမအကျော့ပွဲစဉ်အပြီးမှာ ဘယ်လင်ဟမ်အကြောင်း ပြောသူ မရှိသလောက်ဖြစ်ခဲ့ပြီး ငုပ်လျှိုးနေခဲ့ရတာပါ။
ဒါ့အပြင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းကလည်း ပွဲချိန်တစ်လျှောက်လုံး ရူဒီဂါကို ကျော်နိုင်ခဲ့ခြင်း မရှိဘဲ ပွဲကြီး မတိုးတဲ့ ကစားသမားအဖြစ် လှောင်ပြောင်ခံနေရပါတယ်။
အန်ဆယ်လော့တီကတော့ “ဟာလန်း၊ အမ်ဘာပေ၊ ဘယ်လင်ဟမ်တို့ကို စောင့်ကြည့်လိုက်ကြပါ။ ”
“ သူတို့က ပထမအကျော့ပွဲတွေမှာ သူ့တို့ရဲ့ အကောင်းဆုံးပုံစံတွေ မရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့အတွက် နောက်ထပ်ပွဲတွေ လာဖို့ ရှိပါသေးတယ်” လို့ သတိပေး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အမ်ဘာပေက ခြေစွမ်းပြခဲ့ကာ အန်ဆယ်လော့တီရဲ့ သတိပေးချက် မှန်ကန်ကြောင်း သက်သေထူပြခဲ့ပါပြီ။