ရပ်ဖိုဒ့် ပိုကောင်းတဲ့ ကစားသမားအဖြစ် ပြန်လာနိုင်မယ့် အကြောင်းရင်းကို ဆာဟာ ရှင်းပြ

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက ရပ်ဖိုဒ့်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့အခါ အသင်းအတွက် ခြေစွမ်းပြနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။

ရပ်ဖိုဒ့်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ဖြစ်သလို စိတ်ဓါတ် ခံယူချက်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပြီး သူဟာ အသင်းရဲ့ ပွဲတွေမှာ ပါဝင်ကစားခွင့် မရပေမယ့် သူပါဝင်ရင် ဘယ်လိုအနေအထားဆိုရင် အသင်း ပိုတိုးတက်လာမလဲဆိုတာကို သင်ယူနေမယ့်သူပါလို့ ဆာဟာက ဖွင့်ဟခဲ့တာဖြစ်တယ်။

” ဆိုးရွားတဲ့ နှစ်တစ်နှစ် (သို့) အခြေအနေဆိုးကနေ ပြန်လာချိန်မှာ လုံ့ဆော်မှုတွေက တိုးပွားလာပါတယ်။ ကျနော်တုန်းက အဲ့လိုပါပဲ။ ကိုယ်မပါပဲ ကစားနေကြတဲ့ အသင်းဖော်တွေကိုကြည့်ပြီး၊ ကိုယ်မပါပဲ ဂိုးသွင်းနေကြတာတွေကို ကြည်ပြီး ကိုယ်က ပိုပြီး ပြိုင်ဆိုင်လိုစိတ် ရှိလာရတယ်။ လုံ့ဆော်မှုတွေ ထပ်ရှိလာရတယ်။

ရပ်ဖိုဒ့်ကလည်း သူပါဝင်ရင် အသင်းက ဘယ်လို တိုးတက်လာမလဲဆိုတာကို ကြိုးစား လိုပါလိမ့်မယ်။ ယူနိုက်တက်အတွက်က ဂိုးတွေ ပိုသွင်းဖို့လည်း အရေးကြီးပါတယ်။ ဒီခံယူချက်တွေနဲ့ဆိုရင် ရပ်ဖိုဒ့်ဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ဓါတ် ခံယူချက်မှာပါ အရင်ပွဲတွေထက် ပိုမို သန်မာလာမယ်ဆိုတာ ကျနော်ကတော့ သံသယ မရှိပါဘူး။

သူက ငယ်ရွယ်ပါသေးတယ်။ ဒီကိစ္စတွေ အားလုံးကို လုံ့ဆော်မှု တွန်းအားတွေအဖြစ် အသုံးချလို့ ရပါတယ်။ ဒါတွေကနေ အခွင့်အရေးယူပြီး ကစားပွဲတွေကို သင်ယူဖို့ ကြိုးစားရမယ်။ အသင်းဖော်တွေနဲ့အတူ ပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲ၊ ဘာတွေလုပ်ရင် ပိုကောင်းလာမလဲ သင်ယူနိုင်ဖို့ လိုပါတယ် ” လို့ ထောက်ပြခဲ့တာဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားလေးဟာ ဒဏ်ရာမရခင်က ကလပ်အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးနေတာပါ။ ပွဲဆက် များပြားခြင်းကြောင့် ဒဏ်ရာရခဲ့ပေမယ့် အဆိုပါ မတိုင်ခင် ပွဲပေါင်း ၃၁ ပွဲမှာ သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

” သူ့ရဲ့ ခံယူချက်တွေကို ပြောင်းလဲခဲ့ပြီး ဒီစိတ်ဓါတ်ကို အသင်းဖော်တွေထံလည်း ဖြန့်ဝေပေးခဲ့တယ်။ သူ့မှာ ဒီလို ခေါင်းဆောင်မှုမျိုး ရှိပြီး ကလပ်အသင်းကို နည်းလမ်း အချို့နဲ့ ဦးဆောင်ပေးနေတာ ဖြစ်ပါတယ် ” လို့ ဆာဟာက သုံးသပ် ပြောဆိုခဲ့ပါသေးတယ်။

ZAWGYI

ယူႏုိက္တက္ တိုက္စစ္မွဴးေဟာင္း ဆာဟာက ရပ္ဖိုဒ့္ဟာ ဒဏ္ရာကေန ျပန္သက္သာလာတဲ့အခါ အသင္းအတြက္ ေျခစြမ္းျပႏုိင္ပါလိမ့္မယ္လို႔ ဆိုပါတယ္။

ရပ္ဖိုဒ့္ဟာ ယူႏုိက္တက္ အကယ္ဒမီထြက္ ျဖစ္သလို စိတ္ဓါတ္ ခံယူခ်က္ေကာင္းေတြ ပိုင္ဆုိင္ထားတဲ့ ကစားသမားျဖစ္ျပီး သူဟာ အသင္းရဲ႕ ပြဲေတြမွာ ပါဝင္ကစားခြင့္ မရေပမယ့္ သူပါဝင္ရင္ ဘယ္လိုအေနအထားဆိုရင္ အသင္း ပိုတိုးတက္လာမလဲဆိုတာကို သင္ယူေနမယ့္သူပါလို႔ ဆာဟာက ဖြင့္ဟခဲ့တာျဖစ္တယ္။

” ဆိုးရြားတဲ့ ႏွစ္တစ္ႏွစ္ (သို႔) အေျခအေနဆိုးကေန ျပန္လာခ်ိန္မွာ လံု႔ေဆာ္မႈေတြက တိုးပြားလာပါတယ္။ က်ေနာ္တုန္းက အဲ့လိုပါပဲ။ ကိုယ္မပါပဲ ကစားေနၾကတဲ့ အသင္းေဖာ္ေတြကိုၾကည့္ျပီး၊ ကိုယ္မပါပဲ ဂိုးသြင္းေနၾကတာေတြကို ၾကည္ျပီး ကိုယ္က ပိုျပီး ျပိဳင္ဆိုင္လိုစိတ္ ရွိလာရတယ္။ လံု႔ေဆာ္မႈေတြ ထပ္ရွိလာရတယ္။

ရပ္ဖိုဒ့္ကလည္း သူပါဝင္ရင္ အသင္းက ဘယ္လို တိုးတက္လာမလဲဆိုတာကို ၾကိဳးစား လိုပါလိမ့္မယ္။ ယူႏုိက္တက္အတြက္က ဂိုးေတြ ပိုသြင္းဖို႔လည္း အေရးၾကီးပါတယ္။ ဒီခံယူခ်က္ေတြနဲ႔ဆိုရင္ ရပ္ဖိုဒ့္ဟာ ရုပ္ပိုင္းဆိုင္ရာေကာ စိတ္ဓါတ္ ခံယူခ်က္မွာပါ အရင္ပြဲေတြထက္ ပိုမို သန္မာလာမယ္ဆိုတာ က်ေနာ္ကေတာ့ သံသယ မရွိပါဘူး။

သူက ငယ္ရြယ္ပါေသးတယ္။ ဒီကိစၥေတြ အားလံုးကို လံု႔ေဆာ္မႈ တြန္းအားေတြအျဖစ္ အသံုးခ်လို႔ ရပါတယ္။ ဒါေတြကေန အခြင့္အေရးယူျပီး ကစားပြဲေတြကို သင္ယူဖို႔ ၾကိဳးစားရမယ္။ အသင္းေဖာ္ေတြနဲ႔အတူ ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္မလဲ၊ ဘာေတြလုပ္ရင္ ပိုေကာင္းလာမလဲ သင္ယူႏုိင္ဖို႔ လိုပါတယ္ ” လို႔ ေထာက္ျပခဲ့တာျဖစ္တယ္။

အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားေလးဟာ ဒဏ္ရာမရခင္က ကလပ္အတြက္ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေပးေနတာပါ။ ပြဲဆက္ မ်ားျပားျခင္းေၾကာင့္ ဒဏ္ရာရခဲ့ေပမယ့္ အဆိုပါ မတိုင္ခင္ ပြဲေပါင္း ၃၁ ပြဲမွာ သြင္းဂိုး ၁၉ ဂိုးထိ သြင္းယူႏုိင္ခဲ့သူလည္း ျဖစ္ပါတယ္။

” သူ႔ရဲ႕ ခံယူခ်က္ေတြကို ေျပာင္းလဲခဲ့ျပီး ဒီစိတ္ဓါတ္ကို အသင္းေဖာ္ေတြထံလည္း ျဖန္႔ေဝေပးခဲ့တယ္။ သူ႔မွာ ဒီလို ေခါင္းေဆာင္မႈမ်ိဳး ရွိျပီး ကလပ္အသင္းကို နည္းလမ္း အခ်ိဳ႕နဲ႔ ဦးေဆာင္ေပးေနတာ ျဖစ္ပါတယ္ ” လို႔ ဆာဟာက သံုးသပ္ ေျပာဆိုခဲ့ပါေသးတယ္။