ဒီညတွေ့မယ့် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းသား နှစ်ဦးကို အားကျမိတယ် ဆိုတဲ့ ဘာနာဒိုဆေးလ်ဗား

မန်စီးတီးဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် ကို လက်ခံကစားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘာနေဗျူးမှာ ကစားခဲ့တဲ့ပထမအကျော့မှာ ၃-၃ ဂိုး သရေကျခဲ့ပြီး ပွဲကကြည့်ကောင်းခဲ့ကာ သူတို့ ၂ သင်းစလုံးဟာ အီသီဟက်ကွင်းမှာ ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

အဆိုပါပွဲမတိုင်ခင် မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ကစားသမား ၂ဦးဖြစ်တဲ့ မိုဒရစ်နှင့် တိုနီခရုစ်တို့ကို အထင်ကြီး အားကျမိကြောင်း ချီးကျူး စကား ပြောကြားလိုက်ပါတယ်။

“အတိအကျပြောရမယ်ဆိုရင် သူတို့ ၂ ဦးစလုံးက ကျွန်တော့်အတွက် အတုယူဖွယ်ရာနဲ့ စံပြကစားသမားတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ကျွန်တော်ကစားတဲ့နေရာမှာ အနည်းနဲ့အများကစားခဲ့ကြသူတွေပါ။ ဒါဟာ သူတို့ရဲ့ တည်ငြိမ်မှုပဲဖြစ်ပါတယ်။ သူတို့တွေက ၁၅ နှစ်လောက် ကစားခဲ့ကြတာဖြစ်ပြီး မိုဒရစ်ဆိုရင် အဲ့ထက်တောင်ပိုကြာနိုင်ပါတယ်”

“အရာအားလုံးကို အောင်မြင်မှုရရှိခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားကာ သူတို့တွေက ဘောလုံးစတင်ကစားမယ့် ကလေးတွေအတွက် စံနမူနာပြတေါပဲဖြစ်ပါတယ်။ သူတို့တွေက ကိုယ့်အတွက်ကို ဘယ်တော့မှာမစဉ်းစားဘဲ အသင်းအတွက်ကိုသာ ဦးစားပေးပြီး စဉ်းစားပေးကြသူတွေဖြစ်ပါတယ်” လို့ ဆေးလ်ဗားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်

မန်စီးတီးက ပွဲကြီးပွဲကောင်းတွေအတွက် စိတ်လှုပ်ရှားနေပြီလားလို့ မေးရာတွင် “ကျွန်တော်တို့က သမိုင်းတွင်အောင် ကို လုပ်ချင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၄ ကြိမ်ဆက် ချန်ပီယံဖြစ်ချင်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ၂နှစ်ဆက် ၃နှစ်ဆက် ချန်ပီယံဖြစ်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကြိုးစားပြီး ကစားနေပါတယ်” လို့ ပြောပါတယ်။