ယူနိုက်တက်ပစ်မှတ် ခံစစ်မှူးကူလီဘာလီအတွက် ဈေးချလာပြီဖြစ်တဲ့ နာပိုလီ

အီတလီသတင်းတွေက ဖော်ပြလာမှုအရ နာပိုလီဟာ ၎င်းတို့အသင်းရဲ့ ခံစစ်မှူး ကူလီဘာလီကို ဈေးချလာခဲ့ပြီဖြစ်ပြီး ယူရို သန်း ၁၀၀ ရရင် စဉ်းစားပေးသွားမယ်လို့ သိရပါတယ်။

ဆီနီဂေါလက်ရွေးစင်ကို ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက ယူနိုက်တက်က ယူရို ၁၀၅ သန်းနဲ့ ကမ်းလှမ်းခဲ့သေးတာဖြစ်ပြီး နာပိုလီဘက်က ယူရို သန်း ၁၃၀ တောင်းဆိုမှုကြောင့် ပျက်ပြယ်ခဲ့တာပါ။ နာပိုလီဘက်က ယူရို သန်း ၁၀၀ ထိ ဈေးချလာပေမယ့် သူ့ကို ကမ်းလှမ်းမယ့် ကလပ်တွေကတော့ အဆိုပါ ပြောင်းရွှေ့ကြေးထက် ပိုနည်းပါးတာမျိုးကို အလိုရှိနေပါသေးတယ်။

ကူလီဘာလီကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ပီအက်ဂျီတို့နဲ့ အပြိုင် ကြိုးစားရမှာပါ။ နာပိုလီဘက်ကတော့ ယူရို သန်း ၁၀၀ ထက်နည်းတဲ့ မည့်သည် ပြောင်းရွှေ့ကြေးကိုမဆို ဖုန်းလက်ခံ ဖြေဆိုပေးမှာ မဟုတ်ဘူးလို့ သတင်းတွေ လွှင့်ထားပါတယ်။

ယူနိုက်တက်ဘက်က ကူလီဘာလီကို အတော်လေး အကြိုက်တွေ့ခဲ့ပေမယ့်လည်း သူ့အစား မက်ဂွဲရားကိုပဲ ခေါ်ယူခဲ့တာပါ။ အင်္ဂလန်ခံစစ်မှူးကို ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေး သန်း ၈၀ ပေးပြီး ခေါ်ယူခဲ့တာဖြစ်တယ်။ ကလပ်အသင်းနဲ့ နီးစပ်သူတွေကတော့ မက်ဂွဲရားနဲ့ တွဲဘက်တစ်ဦးကို ရှာဖွေဖို့ အသင်းကို တိုက်တွန်းထားပြီး ဒါဆိုရင် ယူနိုက်တက် ခံစစ်က ပိုမိုအင်အား တောင့်တင်းသွားမယ်လို့ ထောက်ပြမှုတွေ ရှိထားတာဖြစ်တယ်။

ယူနိုက်တက်ဟာ ကူလီဘာလီအပြင် ဒေါ့မွန်အသင်းမှ ဆန်ချိုနဲ့လည်း သတင်းတွေ ထွက်ထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ ကိစ္စမှာ ပြိုင်ဘက်အသင်းတွေထက် ရေပန်းစားမှု ပိုမြင့်တက်လာပြီး အရေးအသာဆုံး အနေအထားကို ရောက်ရှိခဲ့ပြီလို့တော့ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ZAWGYI

အီတလီသတင္းေတြက ေဖာ္ျပလာမႈအရ နာပိုလီဟာ ၄င္းတို႔အသင္းရဲ႕ ခံစစ္မွဴး ကူလီဘာလီကို ေစ်းခ်လာခဲ့ျပီျဖစ္ျပီး ယူရို သန္း ၁၀၀ ရရင္ စဥ္းစားေပးသြားမယ္လို႔ သိရပါတယ္။

ဆီနီေဂါလက္ေရြးစင္ကို ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔တုန္းက ယူႏုိက္တက္က ယူရို ၁၀၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေသးတာျဖစ္ျပီး နာပိုလီဘက္က ယူရို သန္း ၁၃၀ ေတာင္းဆိုမႈေၾကာင့္ ပ်က္ျပယ္ခဲ့တာပါ။ နာပိုလီဘက္က ယူရို သန္း ၁၀၀ ထိ ေစ်းခ်လာေပမယ့္ သူ႔ကို ကမ္းလွမ္းမယ့္ ကလပ္ေတြကေတာ့ အဆိုပါ ေျပာင္းေရႊ႔ေၾကးထက္ ပိုနည္းပါးတာမ်ိဳးကို အလိုရွိေနပါေသးတယ္။

ကူလီဘာလီကို ေခၚယူႏုိင္ဖို႔ ယူႏုိက္တက္ဟာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ မန္စီးတီး၊ ပီအက္ဂ်ီတို႔နဲ႔ အျပိဳင္ ၾကိဳးစားရမွာပါ။ နာပိုလီဘက္ကေတာ့ ယူရို သန္း ၁၀၀ ထက္နည္းတဲ့ မည့္သည္ ေျပာင္းေရႊ႔ေၾကးကိုမဆို ဖုန္းလက္ခံ ေျဖဆိုေပးမွာ မဟုတ္ဘူးလို႔ သတင္းေတြ လႊင့္ထားပါတယ္။

ယူႏုိက္တက္ဘက္က ကူလီဘာလီကို အေတာ္ေလး အၾကိဳက္ေတြ႔ခဲ့ေပမယ့္လည္း သူ႔အစား မက္ဂြဲရားကိုပဲ ေခၚယူခဲ့တာပါ။ အဂၤလန္ခံစစ္မွဴးကို ခံစစ္သမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး သန္း ၈၀ ေပးျပီး ေခၚယူခဲ့တာျဖစ္တယ္။ ကလပ္အသင္းနဲ႔ နီးစပ္သူေတြကေတာ့ မက္ဂြဲရားနဲ႔ တြဲဘက္တစ္ဦးကို ရွာေဖြဖို႔ အသင္းကို တိုက္တြန္းထားျပီး ဒါဆိုရင္ ယူႏုိက္တက္ ခံစစ္က ပိုမိုအင္အား ေတာင့္တင္းသြားမယ္လို႔ ေထာက္ျပမႈေတြ ရွိထားတာျဖစ္တယ္။

ယူႏုိက္တက္ဟာ ကူလီဘာလီအျပင္ ေဒါ့မြန္အသင္းမွ ဆန္ခ်ိဳနဲ႔လည္း သတင္းေတြ ထြက္ထားတာျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ကိစၥမွာ ျပိဳင္ဘက္အသင္းေတြထက္ ေရပန္းစားမႈ ပိုျမင့္တက္လာျပီး အေရးအသာဆံုး အေနအထားကို ေရာက္ရွိခဲ့ျပီလို႔ေတာ့ ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။