အာဆင်နယ် အသာစီး ရထားတဲ့ အားသာချက် ရှိလို့ မန်စီးတီးကို ကျော်တက်ပြီး ပရီးမီးယားလိဂ် ဖလား ရမှာ လို့ အာဆင်ဝင်းဂါး ဆို

မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားအား ၄ ကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာရန် ကြိုးပမ်းနေပြီး ၆ ပွဲကစားရန် ကျန်ရှိနေတဲ့ အချိန်မှာ အာဆင်နယ်နှင့် လီဗာပူးတို့အထက် ၂ မှတ်အကွာတွင် ရပ်တည်နေပါတယ်။

ဂန်းနား ဂန္တဝင် နည်းပြဟောင်းကြီး အာစင်ဝင်းဂါး က ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်နှင့် လီဗာပူးတို့ ရှုံးပွဲတွေ့ခဲ့ရခြင်းကို အံ့အားသင့်ခဲ့ရသော်လည်း မြောက်လန်ဒန်အသင်းဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး လိဂ်ဖလား ရယူနိုင်ဖို့ နီးစပ်နေပြီ လို့ ယုံကြည်နေပါတယ်။

အာဆင်ဝင်းဂါးက “ဒါဟာ လုံးဝအံ့သြစရာပါပဲ။ ပြိုင်ပွဲပြီးဖို့ ပွဲအနည်းငယ်လောက်ပဲ ကျန်တဲ့အချိန် ချန်ပီယံဆုအတွက် အိမ်ကွင်းမှာကစားရတဲ့အခါ ပြောင်းလဲသွားအောင်ဖန်တီးဖို့ အခွင့်အရေးရတဲ့အခါ ယူရပါမယ်”

“ဒီတစ်ပတ်အတွက် အံ့အားသင့်စရာကတော့ မန်စီးတီးက အမှတ်ပေးဇယားရဲ့ထိပ်သို့ရောက်လာခဲ့ပြီး ဒါကိုဘယ်သူမှ မမျှော်လင့်ထားပါဘူး။ အဲဒီအသင်းတွေထဲက တစ်သင်းက ရလဒ်ဆိုးတွေ ရနိုင်ပေမယ့် နှစ်သင်းစလုံးတော့ မဟုတ်ပါဘူး ဒါက အံ့သြစရာပါ”

“ဒါပေမယ့် အာဆင်နယ်က ဂိုး ကွာခြားချက်နဲ့ အသာစီး ရနေသေးတာဖြစ်လို့ မန်စီးတီးက တစ်ပွဲသရေကျပြီး ဂန်နားတွေက အနိုင်ရရင် သူတို့ရှေ့သို့ ရောက်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။