ပိုင်ဆိုင်မှု ၃၃ %၊ ဂိုးပေါက်ကန်ခွင့် ၃၃ ကြိမ်ထိ မန်စီးတီးကို ပေးခဲ့ရတဲ့ ရီးရဲလ် ကစားပုံ ဝေဖန်နေကြတဲ့ အပေါ် အန်ဆယ်လော့တီ တုန့်ပြန်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်သွားခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်ဟာ မန်စီးတီးကို ခံစစ်နဲ့ ကစားခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ အပေါ် ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ပြန်လည် တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ သရေရလဒ် ရယူနိုင်ခဲ့သလို ယခုတစ်ခေါက် အိမ်ကွင်းမှာလည်း ရီးရဲလ်ကို တစ်ဖက်သက် ဖိအားပေး ကစားသွားခဲ့ပြီး ရီးရဲလ်အသင်းနောက်ခံလူတွေနဲ့ ဂိုးသမားရဲ့ နေရာယူမှန်မှုတွေကြောင့် ထင်သလောက် ဂိုးတွေ မသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက “ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်၊ကျွန်တော်တို့ ၂ သင်းက ကစားပုံခြင်း မတူညီခဲ့ကြတာပါ၊ ကျွန်တော်တို့ အဖွင့်ဂိုး စရခဲ့တာလည်း ပါမှာပါ၊ ဂိုးရတော့ ကျွန်တော်တို့က ဂိုးမပေးရဖို့ ပိုကြိုးစားခဲ့မိတာပါ၊ မက်ဒရစ်က ဒီလို ပုံစံမျိုး အကြိမ်တိုင်းလိုလို လုပ်ပြခဲ့ပြီးပါပြီ။

ကျွန်တော်တို့မှာ နောက်တစ်ဆင့် တက်နိုင်မယ့် အရည်အသွေး အပြည့်အ၀ ရှိနေပြီးသားပါ၊ ကျွန်တော်တု့ိအသင်း ကစားဟန်ကို ကျွန်တော် နှစ်သက်သလို အသင်းသားတွေရဲ့ ပေးဆပ်မှု၊ ကြိုးစားအားထုတ်မှုတွေကို ကျေနပ်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ် အသင်းဟာ အဆိုပါ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းသာ ရရှိခဲ့သလို မန်စီးတီးအသင်းကိုလည်း ဂိုးပေါက် ကန်သွင်းခွင့် ၃၃ ကြိမ်အထိ ခွင့်ပြုခဲ့ရပြီး ၎င်းတို့ကတော့ မန်စီးတီး ဂိုးပေါက်ကို ၈ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။