ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ယူချင်နေပြီလို့ အာတီတာ ကြွေးကြော်
April 19, 2024 | No Comments

မီခေး အာတီတာက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၂မှတ် ကွာဟနေတာပါ။ ပရီးမီးယားလိဂ်က လက်ကျန် ၆ပွဲပဲ ကစားရဖို့ ကျန်ရှိပါတော့တယ်။
အာတီတာက “ကျွန်တော်တို့မှာ လှပတဲ့ ပြိုင်ပွဲတခု ယှဉ်ပြိုင်ဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားဖို့ ရှိနေသလို ကျွန်တော်က ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သိမ်းပိုက် ရယူချင်နေပါပြီ။
အခုချိန်က ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ထောက်ခံ အားပေးရမယ့် အချိန်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။