ဆန်ချို၊ ကူလီဘာလီ၊ တရုတ် အလုပ်ခေါ်စာ၊ ဂရီလစ်ကိစ္စ ဝန်ခံခြင်းနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

မန်ချက်စတာ ယူနိုက်တက် အကြိမ်ကြိမ် ချဉ်းကပ် ခြင်း ခံနေရတဲ့ ကွင်းလယ်ကြယ်ပွင့် ဂျက် ဂရေးလစ်ချ်ကို အက်စတွန်ဗီလာ လက်လွှတ်ရဖွယ် ရှိကြောင်း ဗီလာနည်းပြ ဒင်းစမစ်က ဝန်ခံ ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲစဉ် မတိုင်ခင်မှာ ယူနိုက်တက် အကြီးအကဲ အက် ဝုဒ်ဝပ်က အသင်းသားများ ရှိရာ လိုရီဟိုတယ်သို့ လာရောက်ပြီး အစည်းအဝေးပြုလုပ်ကာ ယူနိုက်တက် အသင်းသားများနဲ့ တွေ့ဆုံစကားပြောခဲ့ကြောင်း သိရပါတယ်။

ဘရူနို ဖာနန်ဒက်စ် ရောက်လာတာကို ယူနိုက်တက်နဲ့ ပတ်သတ်သူ အားလုံး ဝမ်းမြောက်ကြမှာ ဖြစ်ပေမယ့် ကွင်းလယ်လူငယ်လေး ဂျိမ်းစ် ဂါနာ အတွက်အတော့ အတားအဆီး တစ်ခုလို ဖြစ်ဖွယ် ရှိကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ်သွားပါတယ်။

ဂျာမနီဘက်က သတင်းတွေ အဆိုအရ မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ် ကွင်းလယ်တိုက်စစ်သမား ဖောစ်ဘတ်အား ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းနဲ့ ခေါ်ဖို့ ကမ်းလှမ်းခံထားရပြီး ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြနေကြပါတယ်။

အာရှနဲ့ တရုတ်ဈေးကွက်ကို တိုးချဲ့ဖို့ အစီအစဉ် ရှိနေတဲ့ ယူနိုက်တက်ဟာ တရုတ် ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူ တစ်ဦးကို အလုပ်ခေါ်ဖို့ ကြေငြာတင်ထားတာ တွေ့ရပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဒဏ်ရာတွေကနေ ပြန်လာရင် ပိုမို ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူးဟောင်း ဆာဟာက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းစားနေသလို နာပိုလီကလည်း ၎င်းတို့ရဲ့ ခံစစ်မှူး ကူလီဘာလီအတွက် ဈေးချပေးမှုတွေ လုပ်လာနေပါတယ်။

ZAWGYI

မန္ခ်က္စတာ ယူနိုက္တက္ အၾကိမ္ၾကိမ္ ခ်ဥ္းကပ္ ျခင္း ခံေနရတဲ့ ကြင္းလယ္ၾကယ္ပြင့္ ဂ်က္ ဂေရးလစ္ခ်္ကို အက္စတြန္ဗီလာ လက္လႊတ္ရဖြယ္ ရွိေၾကာင္း ဗီလာနည္းျပ ဒင္းစမစ္က ၀န္ခံ ေျပာၾကားလိုက္ပါတယ္။

ၾကာသပေတးေန႔က ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ မတိုင္္ခင္မွာ ယူနုိက္တက္ အၾကီးအကဲ အက္ ၀ုဒ္၀ပ္က အသင္းသားမ်ား ရွိရာ လိုရီဟိုတယ္သို႔ လာေရာက္ျပီး အစည္းအေ၀းျပဳလုပ္ကာ ယူနုိုက္တက္ အသင္းသားမ်ားနဲ႕ ေတြ႔ဆံုစကားေျပာခဲ့ေၾကာင္း သိရပါတယ္။

ဘရူနို ဖာနန္ဒက္စ္ ေရာက္လာတာကို ယူနိုက္တက္နဲ႕ ပတ္သတ္သူ အားလံုး ၀မ္းေျမာက္ၾကမွာ ျဖစ္ေပမယ့္ ကြင္းလယ္လူငယ္ေလး ဂ်ိမ္းစ္ ဂါနာ အတြက္အေတာ့ အတားအဆီး တစ္ခုလို ျဖစ္ဖြယ္ ရွိေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္သြားပါတယ္။

ဂ်ာမနီဘက္က သတင္းေတြ အဆိုအရ မန္ခ်က္စတာယူနုိက္တက္ဟာ လိုက္ပ္ဇစ္ ကြင္းလယ္တိုက္စစ္သမား ေဖာစ္ဘတ္အား ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇ သန္းနဲ႕ ေခၚဖို႔ ကမ္းလွမ္းခံထားရျပီး ယူနုိက္တက္ အတြက္ ေကာင္းမြန္တဲ့ ေခၚယူမႈ တစ္ခု ျဖစ္လာဖြယ္ရွိေၾကာင္း ေဖာ္ျပေနၾကပါတယ္။

အာရွနဲ႕ တရုတ္ေစ်းကြက္ကို တိုးခ်ဲ႕ဖို႔ အစီအစဥ္ ရွိေနတဲ့ ယူနိုက္တက္ဟာ တရုတ္ ဆိုရွယ္မီဒီယာ ကၽြမ္းက်င္သူ တစ္ဦးကို အလုပ္ေခၚဖို႔ ေၾကျငာတင္ထားတာ ေတြ႔ရပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖုိ႕ဒ္ဟာ ဒဏ္ရာေတြကေန ျပန္လာရင္ ပိုမို ေကာင္းမြန္တဲ့ ပံုစံနဲ႕ ျပန္လာနုိင္မယ္လို႔ ယံုၾကည္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဆာဟာက ေျပာၾကားလိုက္ပါတယ္။

ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔ ေရပန္းစားေနသလို နာပိုလီကလည္း ၄င္းတို႔ရဲ႕ ခံစစ္မွဴး ကူလီဘာလီအတြက္ ေစ်းခ်ေပးမႈေတြ လုပ္လာေနပါတယ္။