ဒိုင်နိုဆောတွေကြောင့်သာ မဟုတ်ရင် လူသားတွေ အသက် ဘယ်လောက်ထိတောင် နေနိုင်နေမလဲ

လူသားတွေဟာ လက်ရှိမှာ ရှိသင့်တဲ့ သက်တမ်းထက် ထက်ဝက်ကျော် နည်းပါးနေတာလား..

လေ့လာတွေ့ရှိချက် တချို့ အရ ဒိုင်နိုဆောတွေသာမရှိခဲ့ရင် လူသားတွေဟာ အသက် ၂၀၀ အထိနေနိုင်မယ်လို့ သိပ္ပံပညာရှင်များက သံးုသပ် အဆိုပြုလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်မှ အဏုဇီဝပညာရှင် Joao Pedro de Magalhaes က “longevity bottleneck hypothesis” လို့ခေါ်တဲ့ ဒီယူဆချက်ကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးကို ဒိုင်နိုဆောတွေ ကြီးစိုးထားစဉ်က အစောဆုံးနို့တိုက်သတ္တဝါအချို့က နှစ်သန်း ၁၀၀ ခန့် အစာကွင်းဆက်ရဲ့အောက်ခြေမှာရှိတာကြောင့် ဆင့်ကဲပြောင်းလဲမှုတွေမှာ လျှင်မြန်စွာကြီးထွားပြီး မျိုးပွားလာစေပါတယ်။

အကျိုးဆက် အနေနဲ့ နို့တိုက်သတ္တဝါတွေရဲ့ အရွယ်အစားသေးငယ်လာပြီး သက်တမ်းက တိုလာစေတယ်လို့ ဆိုပါတယ်။

သင်တို့ ဆိုရင်ရော ဒိုင်နိုဆောတွေကြောင့် လက်ရှိ လူသားတွေ သက်တမ်း တိုသွားတာ တကယ်ဆိုရင် ဘယ်လို ခံစားရမလဲ ..