မန်စီးတီး Vs ချယ်ဆီး တို့ ဒီည ကန်မယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ဘယ်လို ဖြစ်မလဲ ခရစ်ဆက်တန်ရဲ့ ဟောကိန်းထုတ်ချက်

ဒီအပတ်မှာတော့ မန်စီးတီး အသင်းက ချယ်ဆီးနဲ့ အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၁ဝး၄၅ နာရီ အချိန်မှာပါ။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က မန်စီးတီး နဲ့ ချယ်ဆီးတို့ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာ မထိုက်တန်ပါဘူး။ သူတို့ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ် ကစားရာမှာ နည်းနည်းလေး ကံမကောင်းလို့သာ အဲဒီပွဲကနေ အရေးနိမ့်သွားခဲ့ရတာပါ။ အရှုံးကနေ မြန်မြန် ပြန် ရုန်းထဖို့က အရေးကြီးပါတယ်။ အဲဒါကို ဒီပွဲမှာ သူတို့ ပြန်စမှာပါ။

စီးတီးရဲ့ အဓိက အာရုံစိုက်စရာက အင်္ဂလိပ် အမှတ်ပေးလိဂ် သမိုင်း ၁၃၆ နှစ်တာမှာ မရှိဖူးသေးတဲ့ ၄ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ဖို့ပါပဲ။ ဒါကလည်း သိပ်ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်မှာပါ။ ဥရောပ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ အတွက်လည်း ဖြေသာနိုင်မှာ ဖြစ်ပါတယ်။ ပက်က ဆုဖလားတွေ ယူဖို့ လောဘကြီးသူ ဖြစ်တယ်။ ဒီတော့ သူက အက်ဖ်အေဖလား ကိုလည်း ကိုင်မြှောက်ချင်မှာပါ။

ချယ်ဆီးက ဒီရာသီ စီးတီးနဲ့ နှစ်ကြိမ် မဲကျပြီးပြီ။ ပါလ်မာနဲ့ အတူ သူတို့ အသင်းကလည်း အန္တရာယ် ပေးနိုင်ပါတယ်။ ကွင်းထဲမှာ ချယ်ဆီးက ဘောလုံးရာသီ ဒုတိယပိုင်းမှာ တည်ငြိမ်မှုတွေ ပြသလာတယ်။ လိဂ်မှာ ၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဒါကြောင့် အဆင့် ၆ နေရာထိပါ သူတို့ ချိန်ရွယ်နိုင်လာပါပြီ။

ပိုချက်တီနိုကတော့ အသင်းရဲ့ တိုးတက်မှုကို ပြသဖို့ ဆုဖလား တစ်လုံး ရယူချင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ဆင့် တက်သွားမှာက စီးတီးပဲ ဖြစ်မယ် လို့ ကျွန်တော် ထင်တယ်။ ဒီပွဲကို သူတို့ သက်တောင့် သက်သာကို အနိုင်ရသွားပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၃-ဝ ချယ်ဆီး။