ဒီဇယ်အကျ ဓာတ်ဆီအတက်နဲ့ ပြောင်းလဲလာတဲ့ စက်သုံးဆီ စျေးတန်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ငြိမ်ချက်သားကောင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ မြန်မာနှစ်သစ်ကူး အပြီးမှာတော့ ပြောင်းလဲမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
ဈေးနှုန်းမပြောင်းမလဲ တန့်နေခဲ့တဲ့ ဒီဇယ်ဆီ ဈေးနှုန်းဟာ ထပ်ကျလာခဲ့သလို အနည်းငယ်သာ တက်ခဲ့တဲ့ ဓာတ်ဆီဈေးနှုန်းတွေကတော့ ဒီတစ်ပတ်မှာ ထပ်တက်လာခဲ့တာပါ။
ရိုးရိုး ဒီဇယ်တစ်လီတာနဲ့ အဆင့်မြင့် ဒီဇယ်တစ်လီတာ ဈေးနှုန်းများဟာ ဒီတစ်ပတ်မှာ ၅၀ ကျပ်စီ တူညီစွာ ဈေးကျခဲ့ကာ ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ 92 နဲ့ 95 အောက်တိန်း တစ်လီတာ ဈေးနှုန်းတွေကလည်း ၃၀ ကျပ်စီတူညီစွာ ဈေးကျခဲ့ပါတယ်။
နှစ်သစ်ကူးအပြီး ဧပြီလ ၂၀ ရက် စနေနေ့ အတွက် စက်သုံးဆီ အပိတ် ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်တွေဖြစ်ပါတယ်။
ဓာတ်ဆီအမျိုးအစားများ အဖြစ် 92 အောက်တိန်းတစ်လီတာ ၂၈၅၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၉၆၀ ကျပ်ဈေး ရှိခဲ့ပါတယ်။ မန္တလေးမှာတော့ အောက်တိန်းတစ်လီတာ ၃၀၀၀ ကျော်ဖြစ်နေပါတယ်။
အစ္စရေး-အီရန် အရေးတွေနောက်ပိုင်း ကမ္ဘာ့စက်သုံးဆီဈေး၊ ရွှေဈေးဟာ ခုန်တက်သွားခဲ့ပါတယ်။ အီရန်က ကမ္ဘာမှာ စက်သုံးဆီ အများဆုံးထုတ်လုပ်နိုင်တဲ့ နံပါတ် ၇ နိုင်ငံဖြစ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခဟာ ကမ္ဘာ့စက်သုံးဆီစျေးကွက်အပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။