ချဲလ်ဆီးကို အနိုင်ယူ အက်ဖ်အေ ဗိုလ်လုပွဲ တက်သွားတဲ့ မန်စီးတီး စံချိန်သစ် မှတ်တမ်းကောင်းတွေ များစွာ ရရှိ

မနေ့ညက ဝင်ဘာလေကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးဟာ ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ရယူလိုက်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါပြီ။ ဒီပွဲမှာ မန်စီးတီးဟာ စံချိန်မှတ်တမ်းကောင်းတွေလည်း များစွာ ရရှိခဲ့ပါတယ်။
ရီးရဲလ်နဲ့ပွဲမှာ ပင်နယ်တီ ကန်သွင်းတဲ့ပုံစံ မကောင်းခဲ့တာကြောင့် ဗီလိန်ဖြစ်ခဲ့ရတဲ့ ဆေးလ်ဗားဟာ ဒီပွဲမှာတော့ တကယ့် အရေးပါတဲ့ အနိုင်ဂိုးကိုရယူပေးနိုင်ခဲ့လိုက်တာကြောင့် မန်စီးတီးဟာ အသင်းသမိုင်းတစ်လျှောက် ရှုံးပွဲမရှိ အများဆုံး ၂၉ ပွဲစံချိန်ကို ရသွားခဲ့ပြီ ဖြစ်ပါတယ်။
ကြားရက်မှာ ရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးပြီး ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မန်စီးတီးဟာ အက်ဖ်အေဖလားပွဲမှာတော့ ဘာနာဒိုဆေးလ်ဗားရဲ့ တစ်လုံး တည်းသော သွင်းဂိုးကြောင့် အနိုင်ရပြီး ဗိုလ်လုပွဲကို ရောက်လာခဲ့ပါတယ်။
ဒီနိုင်ပွဲနဲ့အတူ မန်စီးတီးဟာ ကလပ်အသင်း အသင်း သမိုင်းတစ်လျှောက် ပင်နယ်တီ အဆုံးဖြတ်အချိန်မပါဝင်တဲ့ ပုံမှန်ပွဲကစားချိန်အတွင်
ပြိုင်ပွဲစုံ ၂၉ ပွဲဆက်တိုက် ရှုံး ပွဲမရှိဖြစ်လာပြီး နောက်ဆုံးကစားခဲ့တဲ့ ၂၉ ပွဲမှာ ၂၃ ပွဲနိုင်၊ ၆ ပွဲသရေ ရလဒ်ကို ရယူနိုင်ခဲ့တာပါ။
ဒီစံချိန်ဟာ မန်ချက်စတာကလပ်ရဲ့ အသင်းသမိုင်းတစ်လျှောက်မှာ အရှည်ကြာ ဆုံး စံချိန်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ရီးရဲလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမဲ့လည်း ပုံမှန်ပွဲချိန်အတွင်းနဲ့ အချိန်ပိုမှာ သရေကစားနိုင်ခဲ့တာကြောင့် အခုလို စံချိန်နဲ့ ခရီးဆက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ကစားခဲ့တဲ့ ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၁-၀ ဂိုးနဲ့ ရှုံးပြီးတဲ့နောက် အခုအချိန်အထိ ပြိုင်ပွဲစုံမှာ မရှုံးသေးတဲ့ အသင်းပါ။
နောက်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရောက်လာပြီဖြစ်တဲ့ မန်စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၂ ရာသီဆက်တိုက် ၃ ကြိမ် တက်နိုင်ခဲ့တဲ့အသင်း ဖြစ်လာပါတယ်။
မန်စီးတီးဟာ ဒီလိုမျိုး စံချိန်ကို အရင်က ၂ ခါ လုပ်ပြခဲ့ဖူးပြီး ၁၉၃၂-၃၃/ ၁၉၃၃-၃၄ ဘော လုံးရာသီတွေမှာ တစ်ကြိမ်၊ ၁၉၅၄-၅၅/ ၁၉၅၅-၅၆ ဘောလုံးရာသီတွေမှာ တစ်ကြိမ်နဲ့ ၂ ခါ လုပ်ပြထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ မန်စီးတီးဟာ အဲဒီရာသီတွေမှာတော့ အက်ဖ်အေ ဖလားကို ၂ ရာသီဆက်တိုက် ရယူပြနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဘောလုံးရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ယူကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး ဟာ အခုရာသီမှာလည်း ဗိုလ်လုပွဲမှာ မန်ယူအသင်းနဲ့ပဲ ပြန်ဆုံဖို့ အလားအလာရှိနေပြီး မန်ချက်စတာ ဒါဘီ အက်ဖ်အေဖလားဖိုင်နယ်ကို ပြန်မြင်ရဖို့ ရှိနေပါတယ်။
မန်ယူ အသင်းဟာ ၁၉၈၆-၈၇ ဘောလုံးရာသီရဲ့ အက်ဖ်အေဖလား ချန်ပီယံ ကိုဗင်ထရီနဲ့ ဆီမီးမှာ တွေ့နေပြီး အနိုင်ရခဲ့ ရင်တော့ ဗိုလ်လုပွဲကို ရောက်လာတော့မှာ ဖြစ်ပါတယ်။