နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် ပင်စင်လစာတွေ တိုးပေးမည်ဟု သတင်းထွက်
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ယခု ဧပြီလမှစတင်ကာ တိုးပေးမည်ဟု ဌာနဆိုင်ရာတွေနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ပင်စင်လစာ ၃ သောင်းကျပ် တိုးမြှင့်သည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံခဲ့မှုဖြစ်ပေါ်ခဲ့သည်။
ပင်စင်လစာများတိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် မရရှိခဲ့ပေ။
” ပင်စင်လစာက တိုးမယ်လို့ကြားတယ်။ သေချာတော့မသိဘူး။ စောင့်ကြည့်ရမှာပေါ့” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောသည်။
ယခင်က နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို (၆ဝ) သတ်မှတ်ထားသော် လည်း ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်ကစလို့ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို (၆၂) နှစ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကလည်း ပင်စင်လစာ တိုးမြှင့်ပေးစေလိုကြောင်း တုန့်ပြန်မှုတွေ ရှိထားခဲ့သည်။
၂၀၂၃ ခုနှစ်အောက်တိုဘာမှ စတင်ကာ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်း လစဉ်ခံစားခွင့်ပြုခဲ့သည်။