ရွိုင်အိုလာ ဝင်ပါလွန်းနေတဲ့ ပေါ့ဘာ အပြောင်းအရွှေ့ကိစ္စ တံခါးပိတ်လိုက်ပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်
စပိန်သတင်းဌာန မာကာက ဒီကနေ့မှာ ဖော်ပြလိုက်တာက ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူမှာ မဟုတ်ပါကြောင်း ကစားသမားရဲ့ အေးဂျင့် ရိုင်အိုလာကို အကြောင်းပြန်ထားတယ်လို့ ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ အပတ်တွေအတွင်း ပေါ့ဘာရဲက အေးဂျင့်နဲ့ မန်နေဂျာ ဆိုးရှားတို့ မီဒီယာထက်ကနေ အပြန်အလှန် တိုက်ခိုက်မှုတွေက သတင်းကြီးတွေ ဖြစ်ခဲ့သေးတာပါ။ ကာလရှည် ဒဏ်ရာရနေတဲ့ ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေစဉ်မှာ သူဟာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေခဲ့တာဖြစ်တယ်။
ရိုင်အိုလာက ပေါ့ဘာကို ယူနိုက်တက်ကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ် (သို့) ဂျူဗင်တပ်အသင်းတွေထံ ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဒီရာသီစတုန်းကလည်း ပြင်သစ်ကွင်းလယ်လူကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုနေတယ်လို့ အေးဂျင့်ကပဲ ထုတ်ဖော် ပြောဆိုခဲ့သေးတာဖြစ်တယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာကို တစ်ရာသီလုံး စောင့်ကြည့်ဖို့ ပြင်ဆင်ခဲ့ပြီး ယူနိုက်တက်ကလည်း ကစားသမားကို လုံးဝ မရောင်းထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ဒဏ်ရာကြောင့် ပေါ့ဘာ မကစားနိုင် ဖြစ်လာချိန်မှာတော့ အပြောင်းအရွှေ့ ကိစ္စတွေက ပြန်လည် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ခြေရှုပ်ခြင်းအတွက်လည်း ပရိသတ်တွေက ရိုင်အိုလာအပေါ် အတော်လေး ဒေါသထွက်ခဲ့ကြပါသေးတယ်။
တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ ပြင်ပကိစ္စတွေအတွက် ကစားသမားအပေါ် ဝေဖန်မှုတွေက မမျှတဘူးလို့ ထုတ်ပြောခဲ့ပြီး အသင်းနဲ့ ကစားသမားတို့ ထိပ်တိုက် ဖြေရှင်းသင့်ပါကြောင်း အကြံဉာဏ်ပေးခဲ့တယ်။ ပထမဆုံးအနေနဲ့ သူက ဘယ်နေရာမှာ ကစားလိုသလဲနဲ့ သူက ယူနိုက်တက်မှာ ပျော်ရွှင်နေလား ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းမေးဖို့ ဆိုးရှာားကိုလည်း တိုက်တွန်းထားပါသေးတယ်။
ZAWGYI
စပိန္သတင္းဌာန မာကာက ဒီကေန႔မွာ ေဖာ္ျပလိုက္တာက ရီးရဲလ္မက္ဒရစ္ဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာကို ေခၚယူမွာ မဟုတ္ပါေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္ ရိုင္အိုလာကို အေၾကာင္းျပန္ထားတယ္လို႔ ေဖာ္ျပလိုက္ပါတယ္။
ျပီးခဲ့တဲ့ အပတ္ေတြအတြင္း ေပါ့ဘာရဲက ေအးဂ်င့္နဲ႔ မန္ေနဂ်ာ ဆိုးရွားတို႔ မီဒီယာထက္ကေန အျပန္အလွန္ တိုက္ခိုက္မႈေတြက သတင္းၾကီးေတြ ျဖစ္ခဲ့ေသးတာပါ။ ကာလရွည္ ဒဏ္ရာရေနတဲ့ ေပါ့ဘာဟာ ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနစဥ္မွာ သူဟာ ယူႏုိက္တက္ကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြ က်ယ္ျပန္႔ေနခဲ့တာျဖစ္တယ္။
ရိုင္အိုလာက ေပါ့ဘာကို ယူႏုိက္တက္ကေန ထြက္ခြာျပီး ရီးရဲလ္မက္ဒရစ္ (သို႔) ဂ်ဴဗင္တပ္အသင္းေတြထံ ပို႔ေဆာင္ႏုိင္ဖို႔ ၾကိဳးစားေနတာျဖစ္တယ္။ ဒီရာသီစတုန္းကလည္း ျပင္သစ္ကြင္းလယ္လူကို ရီးရဲလ္မက္ဒရစ္က ေခၚယူလိုေနတယ္လို႔ ေအးဂ်င့္ကပဲ ထုတ္ေဖာ္ ေျပာဆိုခ့ဲေသးတာျဖစ္တယ္။
ရီးရဲလ္မက္ဒရစ္ဟာ ေပါ့ဘာကို တစ္ရာသီလံုး ေစာင့္ၾကည့္ဖို႔ ျပင္ဆင္ခ့ဲျပီး ယူႏုိက္တက္ကလည္း ကစားသမားကို လံုးဝ မေရာင္းထုတ္ဖို႔ စိတ္ပိုင္းျဖတ္ထားခဲ့တာပါ။ ဒါေပမယ့္လည္း ဒဏ္ရာေၾကာင့္ ေပါ့ဘာ မကစားႏုိင္ ျဖစ္လာခ်ိန္မွာေတာ့ အေျပာင္းအေရႊ႔ ကိစၥေတြက ျပန္လည္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ဒီကိစၥကို ေျခရႈပ္ျခင္းအတြက္လည္း ပရိသတ္ေတြက ရိုင္အိုလာအေပၚ အေတာ္ေလး ေဒါသထြက္ခဲ့ၾကပါေသးတယ္။
တိုက္စစ္မွဴးေဟာင္း ဗန္ပါစီကေတာ့ ျပင္ပကိစၥေတြအတြက္ ကစားသမားအေပၚ ေဝဖန္မႈေတြက မမွ်တဘူးလို႔ ထုတ္ေျပာခဲ့ျပီး အသင္းနဲ႔ ကစားသမားတို႔ ထိပ္တိုက္ ေျဖရွင္းသင့္ပါေၾကာင္း အၾကံဥာဏ္ေပးခဲ့တယ္။ ပထမဆံုးအေနနဲ႔ သူက ဘယ္ေနရာမွာ ကစားလိုသလဲနဲ႔ သူက ယူႏုိက္တက္မွာ ေပ်ာ္ရႊင္ေနလား ဆိုတာေတြကို ပြင့္ပြင့္လင္းလင္းေမးဖို႔ ဆိုးရွာားကိုလည္း တိုက္တြန္းထားပါေသးတယ္။