မနက်ဖြန်ည ကန်မယ့် ဘရိုက်တန် – မန်စီးတီး ပွဲ ဘယ်လို ရလဒ်ထွက်မလဲ၊ ဂိုးပြတ်မလား သုံးသပ်ခန့်မှန်းချက် ထုတ်တဲ့ ပေါမာဆန်
အာဆင်နယ်အသင်း ၂ ပွဲ ပို ကစားပြီး ၄ မှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နေချိန် မန်စီးတီး အသင်းကတော့ မနက်ဖြန်ညမှာ ဘရိုက်တန်နဲ့ ပရီးမီးယာလိဂ် အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရမှာပါ။
ပွဲ ကစားမယ့် အချိန် ကတော့ မနက်ဖြန် ကြာသပတေးနေ့ ည ၁ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘရိုက်တန် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် အခုလို ထုတ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီးတို့ ဒီပွဲကို ကစားချိန်မှာ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ၄ မှတ် ကွာနေတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ လက်ကျန်ပွဲတွေကို အနိုင်ရရမယ့် ဖိအားမျိုး ရှိနေပါလိမ့်မယ်။ ကျနော် အမြင်မှာတော့ စီးတီးတို့ ဂရုစိုက် ယှဉ်ပြိုင်လာမှာပါ။
အသင်းတိုင်းက ရိုဒရီကို ဖိအားပေးဖို့ ဝိုင်းရံလာတာတွေ ရှိနေပေမယ့် ဘရိုက်တန်က စီးတီးကို ပြဿနာတွေ အများကြီး ပေးနိုင်မယ် မထင်ပါဘူး။ သူတို့က မနှစ်ကလို အသင်းမျိုး မဟုတ်တော့ဘဲ ဇယားအလယ်ကအသင်း ပိုဆန်လာပါတယ်။ မန်စီးတီးကပဲ ဒီပွဲကို အနိုင်ရသွားပါလိမ့်မယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၃ မန်ချက်စတာ စီးတီး။
