ဘရိုက်တန်ကို အဝေးကွင်း သွားကန်မယ့် မန်စီးတီး က ပွဲပန်းတဲ့ကြား ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးအသင်း က ဘရိုက်တန် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် ကြာသပတေးနေ့ ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က ဘရိုက်တန် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
စီးတီးကို ကြည့်ရတာ အရမ်း ပင်ပန်းနေပုံ ပေါက်ပါတယ်။ ဒါပေမယ့် စနေနေ့တုန်းက သူတို့ အရန် စာရင်းကို ကြည့်မိတော့ အသင်းတစ်သင်း အနေနဲ့ အရမ်းကြီး မဆိုးလှသေးပါဘူး။
မနှစ်ကရာသီမှာ ဘရိုက်တန်ဟာ မန်စီးတီးအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူတို့တွေ စီးတီးကို ဒုက္ခ မပေးနိုင်တော့ပါဘူး။
ဂွာဒီယိုလာရဲ့ အသင်းဟာ ဘာအမှားမှ မလုပ်ဘဲ ဖလားပြိုင်ဆိုင်မှု ပြေးလမ်းမှာ အားသာချက်ကို ဆက်ထိန်းနေဆဲဖြစ်ပါတယ်။ သရေကျရင်တောင်မှပဲ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကို လုံးဝ ပြောင်းလဲသွားစေမှာဖြစ်ပြီး ဖိအားတွေ ဝင်စေပါလိမ့်မယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ဘရိုက်တန် ဝ-၂ မန်ချက်စတာ စီးတီး။