ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆု က ဘယ်အသင်း အတွက် ဖြစ်မလဲ ကြိုတင် ဟောကိန်းထုတ်လိုက်တဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီး ဂန္ထဝင် နောက်ခံလူဟောင်း ဂျွန်တယ်ရီက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်လိုက်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက ချဲလ်ဆီးကို ၅ ဂိုးပြတ် အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပြီး လီဗာပူးက အဲဗာတန်နဲ့ကန်ရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ၂ ပွဲ ကျန်နေပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေပါတယ်။
နည်းပြ ပက် ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ဘရိုက်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဂျွန်တယ်ရီက ချန်ပီယံဆုအတွက် တွေဝေမှုမရှိပဲ မန်စီးတီးကို အဆင့် ၁ နေရာမှာ ရွေးချယ်ခဲ့ပါတယ်။ လီဗာပူးကိုတော့ အဆင့် ၂ နေရာမှာ ရွေးချယ်ခဲ့ပြီး အာဆင်နယ်ကို အဆင့် ၃ နေရာမှာ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အဆင့် ၄ နေရာမှာ ရပ်တည်မယ်လို့ ရွေးချယ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိအဆင့် ၄ နေရာက ဗီလာအသင်းနဲ့ ၁၆ မှတ်အကွာမှာ ရပ်တည်နေပြီး လက်ထဲ ၂ ပွဲကျန်နေသေးတာဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၁၀ မှတ်ကွာဟနေပြီး တယ်ရီက တော့တင်ဟမ်အနေအထားကို ခန့်မှန်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
တယ်ရီဟာ တော့တင်ဟမ်နဲ့ ပတ်သက်လို့ ခါးသီးမှုတွေရှိခဲ့တာဖြစ်ပြီး အခုရာသီအစောပိုင်းတုန်းက ၉ ယောက်ကျန် တော့တင်ဟမ်ကို ချဲလ်ဆီးက ၄-၁ နဲ့အနိုင်ရပြီးနောက် သူ့မိန်းမဖြစ်သူနဲ့အောင်ပွဲခံတဲ့ပုံကို တင်ခဲ့ပါတယ်။
တယ်ရီက လာမယ့်ကြာသပတေးနေ့ တော့တင်ဟမ်နဲ့ ပွဲမှာလည်း အသင်းဟောင်း ချဲလ်ဆီးအနိုင်ကန်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။