ညနက်ပိုင်းမှ လျှပ်စစ်မီးတွေ ဘာကြောင့် ဒီလောက်တောင် ပြတ်နေရသလဲ

ဒီအချိန်တွေက နွေကာလရဲ့ အပူဆုံးဖြစ်တာကြောင့် ရေအားစက်ရုံတွေမှာ ရေခမ်းလာပါပြီ။ မိုးရာသီကာလမှာ ဆည်တွေ ရေ အပြည့်နီးပါးဝင်တဲ့ ဆည်ရှိသလို၊ မဝင်တာလဲရှိပါတယ်။ မိုးအကုန်က စပြီး မောင်းချလာတဲ့ ရေတွေဟာ နွေရောက်တဲ့အခါ ရေLevelတခုထိကျလာပါပြီ။ နောက်မိုးရာသီ အမှီထိ ရေကျန်အောင်ချန်ရတဲ့အတွက် ထိန်းမောင်းရပါတယ်။ ချင့်ချိန်ရပါတယ်။

ဟိုးအရင်ကတည်းက ည(၁၀)နာရီလောက် ဝန်အားအသုံးနည်းလာတာနဲ့ ရေအားစက်တွေ တလုံးချင်း တဖြေးဖြေး ရပ်ပါတယ်။ ပြုပြင် Shutdown ကာလ၊ အပြစ်ပြုပြင်ကာလမှ အပ 24/7မရပ်မနားမောင်းတဲ့ GTတွေပဲ ကျန်ပါတယ်။ အဲ့တော့ မောင်းထားတဲ့ စက်တွေက ထွက်သမျှ မဂ္ဂဝပ်နဲ့ ညီမျှအောင် ဝန်အားထိန်းညှိပါတယ်။ အဓိကအကြောင်းအရင်းကဒါပါပဲ။

နေ့ဘက် ဝန်အားလျော့ပြီး ညဘက်တိုးမောင်းပါတို့။ ဘယ်လိုလုပ်ပါတို့ဆိုတာ ကျနော်က In Service မဟုတ်လို့ မပြောနိုင်သလို ဘယ်လို အခက်အခဲရှိတယ်ဆိုတဲ့ အနေအထားထိ ထဲထဲဝင်ဝင်မသိပါဘူး။ ကျနော် ဖြတ်သန်းခဲ့ဖူးတဲ့အတွေ့ အတွေ့အကြုံရယ်၊ လက်ရှိမိတ်ဆွေများထံမှ သိရတဲ့အချက်အလက်တွေရယ်ကိုပဲ အခြေခံပြီး ပြောပြဆွေးနွေးတာပါ။

လက်ရှိထုတ်လုပ်မှုအနေအထားကတော့ မနှစ်ကထက် ပိုလာတာကို တွေ့ရသလို၊ ရဲရွာပြုပြင်ဆဲကာလမှာလဲ သတ်မှတ်မဂ္ဂဝပ်နီးပါး ထိန်းကြောင်းနိုင်တာကို တွေ့ရပါတယ်။

မီးတွေပြတ်လို့ လူတွေစိတ်ညစ်၊ စိတ်သောကရောက်ရတာလည်း ထပ်ထူ ထပ်မျှခံစားနားလည်မိပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ အများပြည်သူအတွက် လုပ်ပေးနိုင်တာ လုပ်ပေးချင်တဲ့ ဆန္ဒပဲရှိတာပါ။

ကေ အက် စ် (ခွဲမှူး)