နော်တင်ဟမ် ဖောရက်စ်ကို မန်စီးတီး ဘယ်နှဂိုးထိ သွင်းနိုင်မလဲ ဟောကိန်းထုတ်တဲ့ ဆရာကြီး ပေါမာဆန်

နည်းပြ ပက်ရဲ့ မန်စီးတီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဖောရက်စ်နဲ့ မန်စီးတီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

အာဆင်နယ် ထပ်ပြီး နိုင်သွားရင် စီးတီးတို့ ဖိအားဝင်သွားတော့မှာပါ။ ဂွာဒီယိုလာနဲ့ သူ့ရဲ့ အသင်းက ဖိအားဝင်လာလေ ပိုကောင်းလာလေပါ။ ဟာလန်း မပါဘဲကို သူတို့က ဘရိုက်တန်ကို ၄-၀ နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ဖောရက်စ်က အိမ်ကွင်းမှာ ကြီး ၆ ကြီး အသင်းတွေကို ရင်ဆိုင်ပြီး ရလဒ် မကောင်းထားပါဘူး။ ဒါကြောင့် သူတို့ စီးတီးကို နိုင်မှာ မဟုတ်ပါဘူး။ ဟာလန်း မပါရင် စီးတီးက ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပိုပြီး လွှမ်းမိုး ကစားနိုင်ပါတယ်။

ဘောလုံးရာသီ ပိတ်သိမ်းဖို့ ၄ ပွဲဝန်းကျင်ပဲ ကျန်ရှိတော့ချိန် မန်စီးတီးတို့ နောက်ထပ် ၁ ပွဲကို ရှုံးသွားမယ် မထင်ပါဘူး။ သူတို့ပဲ ဒီရာသီမှာ ချန်ပီယံ ထပ်ဖြစ်လာမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်

နော်တင်ဟမ် ဖောရက်စ် ဝ-၃ မန်စီးတီး။