ပိုကောင်းချင်သေးတဲ့ ဖာနန်ဒက်စ်၊ ဒီဂီယာ ကာကွယ်မှုနဲ့ အဲဗာတန် ပွဲပြီး ယူနိုက်တက် နံနက်ခင်းသတင်းများ

အဲဗာတန်နဲ့ ပွဲမှာ အမှား ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာက ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား ဖြစ်တယ်လို့ နည်းပြ ဆိုးရှားက ပွဲအပြီးမှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ အဲဗာတန်နဲ့ ပွဲမှာလည်း အသင်း အတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူ ပေးခဲ့ပြီး ၎င်းဟာ အဝေးကန်နေ ကန်သွင်းတဲ့ ကန်ချက်တွေမှာ ဒိထက် ကောင်းအောင် ကြိုးစားရဦးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေကို ခေါ်ယူဖို့ အရေးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ကို အသာရဖို့ အခြေအနေကောင်းမှာ ရှိနေပါတယ်။

ရိုးမားမှာ အငှားချထားတဲ့ ခံစစ်မှူး စမောလင်းကို ပရီးမီးယားလိဂ်ထံ ပြန်ခေါ်ဖို့ စပါးအသင်းက စိတ်ဝင်စားနေပြီး လာမယ့်နွေမှာ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။

နည်းပြ ဆိုးရှားရဲ့ တောင်းဆိုမှုကြောင့် ယူနိုက်ကတ် တာဝန်ရှိသူတွေဟာ အက်စတွန်ဗီလာ ကွင်းလယ် ကြယ်ပွင့် ဂရေးလစ်ချ်ကို ခေါ်ယူဖို့ ကြိုးပမ်းရန် ခြေလှမ်းစနေပြီလို့ မန်ချက်စတာ အခြေစိုက် သတင်းများမှာ ဖော်ပြနေပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ဒီရာသီ ကာရာဘောင်းဖလားရဲ့ အကောင်းဆုံး ၁၁ ယောက် အသင်းမှာ ပါဝင် ရွေးချယ်ခံထားရပြီး ဗိုလ်လုပွဲ ရောက် မန်စီးတီးအသင်းသားတွေထဲမှတော့ တစ်ဦးမှာ ပါဝင်ခြင်း မရှိပါဘူး။

Zawgyi – အဲဗာတန်နဲ့ ပွဲမှာ အမှား ပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒီဂီယာက ကမ္ဘာ့ အကောင်းဆုံး ဂိုး သမား ဖြစ်တယ်လို့ နည်းပြ ဆိုးရှားက ပွဲအပြီးမှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ အဲဗာတန်နဲ့ ပွဲမှာလည်း အသင်း အတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူ ပေးခဲ့ပြီး ၄င်းဟာ အဝေးကန်နေ ကန်သွင်းတဲ့ ကန်ချက်တွေမှာ ဒိထက် ကောင်းအောင် ကြိုးစားရဦးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။



နည်းပြ ဆိုးရှားရဲ့ တောင်းဆိုမှုကြောင့် ယူနိုက်ကတ် တာဝန်ရှိသူတွေဟာ အက်စတွန်ဗီလာ ကွင်းလယ် ကြယ်ပွင့် ဂရေးလစ်ခ်ျကို ခေါ်ယူဖို့ ကြိုးပမ်းရန် ခြေလှမ်းစနေပြီလို့ မန်ချက်စတာ အခြေစိုက် သတင်းများမှာ ဖော်ပြနေပါတယ်။
