ဒီည ဖောရက်စ် – မန်စီးတီး ပွဲက ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ကြိုတင် ဟောကိန်းထုတ်ချက်

မန်စီးတီး အသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီနေ့ တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်ဆန်ကတော့ ဖောရက်စ်နဲ့ မန်စီးတီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘရိုက်တန်နဲ့ ပွဲမှာ မန်ချက်စတာ စီးတီးက သိပ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ အာဆင်နယ် ဖန်တချို့ ဆိုရင် တီဗီကိုတောင် ပိတ်ပစ်လိုက်တာ ရှိလောက်တယ်။ သူတို့ ချန်ပီယံ ပြိုင်ဘက်က ခြေချော်ဖို့ မျှော်လင့် နေပေမယ့် ပထမပိုင်း ပြီးတည်းက စီးတီးက ပွဲကို ဖြတ်လိုက်ပြီးနေပြီ။

စီးတီးသာ ဒီလို ကစားနေရင် ဘယ်သူက သူတို့နားကို ကပ်နိုင်မလဲ.. ဒါပေမယ့် ဒီတပတ် ပွဲကတော့ ချန်ပီယံဘွဲ့ကာကွယ်မယ့် မန်ချက်စတာ စီးတီး အတွက် အတော်ကြီး ရင်ခုန်စရာ ပွဲ လို့ မြင်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်က အိမ်ကွင်းမှာဆို ဘယ်လောက် မာတဲ့ အသင်းလဲ ဆိုတာ အကြိမ်ပေါင်းများစွာ ပြသခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ခရစ္စဝုဒ်က တစ်မှတ် ရအောင် ယူသွားတယ်။ သူတို့ ဒီပွဲမှာလည်း လွယ်လွယ် အလျှော့ပေးမယ်လို့ မထင်ပါဘူး။

ဖောရက်စ် နည်းပြ Santo နဲ့ သူ့ ကစားသမားတွေက ဘာကို အာရုံစိုက်မှာလဲ။ ဒီပွဲထဲ ကို ဒိုင်လူကြီးက ဘယ်သူ VAR ဒိုင်က ဘယ်သူ ဆိုတာပဲ ခေါင်းထဲ ရောက်ပြီး ကစားနေမယ် ဆိုရင် အခြေအနေက တမျိုး ဖြစ်သွားနိုင်တယ်။ သူတို့ ဒါတွေကို မေ့ပြီး ပွဲထဲက စွမ်းေ်ဆာင်ရည်ကိုပဲ အာရုံစိုက်ရမှာပါ။

တနင်္ဂနွေနေ့မှာ သူတို့က အာရုံပြန့်လွင့်လို့ မရတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သူတို့က စီးတီးကို ကောင်းကောင်း ဧည့်ခံနိုင်မှာ ဖြစ်ပေမယ့် ပွဲ အပေါ် အာရုံစိုက်နိုင်စွမ်းက အဓိက ကျသွားပါလိမ့်မယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

နော်တင်ဟမ် ဖောရက်စ် ၁-၂ မန်စီးတီး။