အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး မြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ (၂) မြို့ ပါဝင်

ကမ္ဘာပေါ်ရှိမြို့ဟောင်းတိုင်းတွင် ပြန်ပြောင်းပြောပြစရာ အကြောင်းအရာတွေ ရှိတတ်ကြလေသည်။ အချို့မြို့များက ခေတ်မီသောမြို့ပြများအဖြစ် ပြောင်းလဲလာသော်လည်း ၎င်းတို့၏ ထူးခြားမှုများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည့် ရှေးဟောင်းမြို့များလည်းရှိနေသေးသည်။

ယင်းသို့သောအရည်အသွေးများဖြင့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည့် အရှေ့တောင်အာရှ သက်တမ်းအရင့်ဆုံးမြို့များတွင် မြန်မာနိုင်ငံမှ မြို့နှစ်မြို့ပါဝင်လာပါသည်။

ပုဂံ (အေဒီ ၈၄၉ ခု) (နှစ်ပေါင်း ၁,၁၆၉ နှစ်)

ပုဂံအင်ပါယာ သက်တမ်း နှစ်ပေါင်း ၂၅၀ ကျော်ကာလအတွင်း ပုဂံမြို့အား မြို့တော်အဖြစ် အသုံးပြုခဲ့သည်။ ပုဂံတွင် သာသနိက အဆောက်အအုံ ပေါင်း ၁၀,၀၀၀ ခန့် အပါအဝင် ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု အဆောက်အအုံများ အလျှံပယ် ရှိခဲ့သည်။

ယခုအခါ ပုဂံသည် မြန်မာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ပြည်တွင်းပြည်ပရှိလူအများအပြားက တန်ဖိုးထားထိန်းသိမ်းပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုလည်းဖြစ်သည်။

ရန်ကုန် ( အေဒီ ၁,၀၄၃) (နှစ်ပေါင်း ၉၇၅ နှစ်)

မြန်မာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့သည် ရန်ကုန်ဖြစ်ပြီး ဗုဒ္ဓဘာသာဘုရားကျောင်းကန်များ တည်ရှိရာနေရာဖြစ်သည့်အပြင် ရွှေတိဂုံဘုရားသည်လည်း ရန်ကုန်မြို့၌ပင်တည်ရှိသည်။

ယခုအချိန်အထိ ရန်ကုန်မြို့သည် ရင်သပ်ရှုမောဖွယ် ကိုလိုနီခေတ်လက်ရာများ၊ စေတီ ပုထိုးများရှိရာ နေရာတစ်ခုဖြစ်သောကြောင့် လူသိများသော နေရာတစ်ခုအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ပြည်ပခရီးသွားများကို ဆွဲဆောင်ထားနိုင်ဆဲ‌နေရာတစ်ခုလည်းဖြစ်သည်။