ချန်ပီယံ ဖြစ်ချင်ရင် လာမယ့် လေးပွဲစလုံးမှာ သရေတောင် ကျလို့ မရဘူးလို့ ဝမ်နင်ပေးလိုက်တဲ့ ပက် ဂွါဒီယိုလာ

နည်းပြ ပက် ဂွါဒီယိုလာ ကတော့ မန်စီးတီးအနေနဲ့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် လက်ကျန် လေးပွဲစလုံးမှာ သရေတောင် ကျလို့မရဘဲ အနိုင်ကစားဖို့ လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မနေ့ည နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့ပြီးနောက် ဇယားထိပ်က အာဆင်နယ်နဲ့ ၁မှတ်အကွာမှာ ဆက်ရှိနေခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ အာဆင်နယ်ဟာ ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန်တို့ကို အနိုင်ကစားနိုင်မယ်လို့ ယူဆနေပြီး မန်စီးတီး အနေနဲ့လည်း လက်ကျန်လေးပွဲစလုံးကို အနိုင်ယူပြဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်တို့ ကိုယ့်လက်ထဲရှိနေတဲ့ပွဲစဉ်ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော ဒါပဲလုပ်နိုင်ပါတယ်။ ဒါက လီဗာပူးနဲ့ ဖလားပြိုင်လုတုန်းက ဖြစ်ခဲ့သလိုပါပဲ။ ကျွန်တော်တို့ သရေကျခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားရမှာမ ဟုတ်ပါဘူး။

တော့တင်ဟမ်နဲ့ပွဲမှာ အာဆင်နယ်ကို ရှုံးစေချင်ခဲ့ပေမယ့် သူတို့လုပ်နေတာကို ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး။ သူတို့ အမှတ်လုံးဝဆုံးရှုံးမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လုပ်ရမယ့် အရာကိုလည်း သေချာသိပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်ပွဲစဉ်မှာ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။