ယူနိုက်တက်နဲ့ ရွန်းနီတို့ ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေပွဲအပေါ် သုံးသပ်နဲ့ ခန့်မှန်းသွားတဲ့ မိုင်ကယ်အိုဝင်

ဒီအပတ် အက်ဖ်အေပွဲဟာ အသင်းခေါင်းဆောင်ဟောင်း ရွန်နီ လက်ရှိကစားနေတဲ့ ဒါဘီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ယူနိုက်တက် ပရိသတ်တွေအတွက် ခံစားရမှုတွေကို ပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးနောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကောင်းမွန်လာနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ပြန်လည် တိုက်ခိုက်လာနိုင်ခဲ့ပါပြီ။ ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့က ဆုဖလား အောင်မြင်မှုအတွက် ယူနိုက်တက် အဓိကထား ယှဉ်ပြိုင်မယ့် ပြိုင်ပွဲလည်းဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင်အတွက် ဒါဘီအသင်းကို အရင်ဆုံး ကျော်ဖြတ်ပြရဦးမှာ ဖြစ်ပါတယ်။

အိုဝင်ကပဲ ” ယူနိုက်တက်အသင်း ပရိသတ် အချို့ကတော့ သူ့ကို ကလပ်အသင်းထံ ပြန်လာစေဖို့ ဆန္ဒရှိခဲ့ကြပေမယ့် ဒီစီယူနိုက်တက်ကနေ ရွန်းနီ ရောက်လာပြီးကတည်းက သူဟာ ကွင်းတွင်းမှာကော ကွင်းပြင်မှာပါ ဒါဘီအသင်းအပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် ဂန္တဝင်ကြီးက အသင်းဟောင်းကို ပြန်လည် ဧည့်ခံသွားရမှာဖြစ်တယ်။ သို့ပေမယ့် ဖာနန်ဒက်စ် ရောက်လာပြီးကတည်းက သရဲနီတွေက ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ အများကြီး ပိုကောင်းလာတာကို မြင်ခဲ့ရပြီး ရွန်းနီအတွက် ဒီ ပြန်လည်တွေ့ဆုံမှုက ပျော်စရာကောင်းတာတွေ ဖြစ်မလာဖို့ ယူနိုက်တက်ဘက်က လုပ်ဆောင်ပြမယ်လို့ မြင်ပါတယ် ” ဆိုပြီး သုံးသပ်သွားခဲ့တာဖြစ်တယ်။

မတ်လ ၆ ရက်နေ့ ဒါဘီအိမ်ကွင်းမှာ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားရမယ့် ပွဲမှာတော့ ယူနိုက်တက်က ၂ ဂိုးပြတ် အနိုင်ရသွားမယ်လို့ အိုဝင်က ရလဒ် ခန့်မှန်းသွားခဲ့ပါတယ်။

ZAWGYI

ဒီအပတ္ အက္ဖ္ေအပြဲဟာ အသင္းေခါင္းေဆာင္ေဟာင္း ရြန္နီ လက္ရွိကစားေနတဲ့ ဒါဘီအသင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ ယူႏုိက္တက္ ပရိသတ္ေတြအတြက္ ခံစားရမႈေတြကို ေပးႏုိင္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။

ယူႏုိက္တက္ဟာ ဇန္နဝါရီမွာ ဖာနန္ဒက္စ္ကို ေခၚယူျပီးေနာက္ပိုင္း ရလဒ္ေတြ ဆက္တိုက္ ေကာင္းမြန္လာေနခဲ့ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ျပန္လည္ တိုက္ခိုက္လာႏုိင္ခဲ့ပါျပီ။ ဒီရာသီမွာ အက္ဖ္ေအဖလားနဲ႔ ယူရိုပါလိဂ္တို႔က ဆုဖလား ေအာင္ျမင္မႈအတြက္ ယူႏုိက္တက္ အဓိကထား ယွဥ္ျပိဳင္မယ့္ ျပိဳင္ပြဲလည္းျဖစ္ျပီး ဗိုလ္လုပြဲမတိုင္ခင္အတြက္ ဒါဘီအသင္းကို အရင္ဆံုး ေက်ာ္ျဖတ္ျပရဦးမွာ ျဖစ္ပါတယ္။

အိုဝင္ကပဲ ” ယူႏုိက္တက္အသင္း ပရိသတ္ အခ်ိဳ႔ကေတာ့ သူ႔ကို ကလပ္အသင္းထံ ျပန္လာေစဖို႔ ဆႏၵရွိခဲ့ၾကေပမယ့္ ဒီစီယူႏုိက္တက္ကေန ရြန္းနီ ေရာက္လာျပီးကတည္းက သူဟာ ကြင္းတြင္းမွာေကာ ကြင္းျပင္မွာပါ ဒါဘီအသင္းအေပၚ ၾကီးမားတဲ့ လႊမ္းမိုးမႈေတြ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ယူႏုိက္တက္ ဂႏၱဝင္ၾကီးက အသင္းေဟာင္းကို ျပန္လည္ ဧည့္ခံသြားရမွာျဖစ္တယ္။ သို႔ေပမယ့္ ဖာနန္ဒက္စ္ ေရာက္လာျပီးကတည္းက သရဲနီေတြက ေဘာလံုးပိုင္ဆိုင္မႈပိုင္းမွာ အမ်ားၾကီး ပိုေကာင္းလာတာကို ျမင္ခဲ့ရျပီး ရြန္းနီအတြက္ ဒီ ျပန္လည္ေတြ႔ဆံုမႈက ေပ်ာ္စရာေကာင္းတာေတြ ျဖစ္မလာဖို႔ ယူႏုိက္တက္ဘက္က လုပ္ေဆာင္ျပမယ္လို႔ ျမင္ပါတယ္ ” ဆိုျပီး သံုးသပ္သြားခဲ့တာျဖစ္တယ္။

မတ္လ ၆ ရက္ေန႔ ဒါဘီအိမ္ကြင္းမွာ အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲမွာေတာ့ ယူႏုိက္တက္က ၂ ဂိုးျပတ္ အႏုိင္ရသြားမယ္လို႔ အိုဝင္က ရလဒ္ ခန္႔မွန္းသြားခဲ့ပါတယ္။