ဒီဂီယာ၊ ဒင်းဟန်ဒါဆန်နဲ့ ယူနိုက်တက် အနာဂတ်အကြောင်း ဆိုးရှား ဆွေးနွေး
မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အဲဗာတန်နဲ့ ပွဲမှာ ဂိုးပေးလိုက်ရတဲ့ အမှား ကျူးလွန်ခဲ့သည့်တိုင်း ဂိုးသမား ဒီဂီယာက သူ့အမြင်မှာတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တစ်ယောက် ဖြစ်နေဆဲလို့ ဆိုလိုက်ပြီး ဒင်း ဟန်ဒါဆန်နဲ့ အကြောင်းများကိုလည်း ဆွေးနွေး ပြောဆိုခဲ့ပါတယ်။
ညက အဲဗာတန်နဲ့ ပွဲစဉ်မှာ ဒီဂီယာက ပွဲအစပိုငးမှာတင် သူ့ရဲ့ ဘောလုံး ကန်တင်ချက်က အဲဗာတန်မှာ ကယ်လ်ဗတ် လီဝင်နဲ့ ထိကာ ဂိုးပိုက်ထဲ ဝင်သွားခဲ့ပြီး အသင်းကို ဖိအားဝင်စေခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ချေပဂိုးကြောင့် ယူနိုက်တက်တို့ သရေ တစ်မှတ် ရခဲ့ပြီး သက်သာရာ ရခဲ့ပါတယ်။
ရှက်ဖီးမှာ အငှား သွားရောက်ကစားနေတဲ့ လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်ကလည်း လက်စွမ်းပြနေပြီး အသင်းထံ ပြန်လာရင် ပွဲကစားခွင့် ရလိုကြောင်း ပြောဆိုထားပါတယ်။ နည်းပြ ဆိုးရှားကတော့ ဂိုးသမား နှစ်ယောက်လုံး အပေါ် မျှော်လင့်ချက်ကောင်းတွေ ရှိထားပါတယ်။
” ကျနော်ကတော့ မန်ယူနိုက်တက် အတွက် အကောင်းဆုံး ဖြစ်နိုင်သမျှ လူစာရင်းကို လိုချင်တာပါ။ ဒင်းကလည်း ကျနော်တို့ အသင်းသားပဲ ဖြစ်တယ်။ သူက လောလောဆယ်မှာ သိပ်ကောင်းကောင်း လုပ်ပြထားတာ ဖြစ်လို့ ယူနိုက်တက်ထံ ပြန်လာရင်လည်း ဒီမှာ ပွဲကစားခွင့် ရဖို့ အသင့် အနေအထားနဲ့ တိုက်ပွဲ ဝင်ပါလိမ့်မယ်။
ဒါပေမယ့် ဒေးဗစ်ကလည်း သူ့ တုန့်ပြန်မှုတွေကို ပြသွားဦးမှာ ဖြစ်တယ်။ ဒီနေ့ဆို သူ့ အမှားကို ပြန် ဆယ်တင်ဖို့ ကြိုးစား ကာကွယ်မှုတွေ လုပ်ခဲ့ပြီး ဆီဂတ်ဆန်ရဲ့ ကန်ချက်ကိုလည်း ကာကွယ်ခဲ့တယ်။ ဒေးဗစ်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါ။ စိန်ခေါ်မှုကောင်းတွေလည်း ပြုလုပ်နိုင်သူ ဖြစ်တယ်။ အသင်းရဲ့ နံပါတ် ၂ ရိုမဲရိုးကလည်း ဂိုးသမားကောင်း တစ်ဦး ဖြစ်တယ်။
ကျနေ်ာတို့က အသင်း လူစာရင်းမှာ အရည်အချင်းကောင်းတွေ ပြည့်နေစေချင်ပြီး ပြိုင်ဆိုင်မှုတွေလည်း မြင်လိုပါတယ်။ ထိပ်တန်း အဆင့်မှာ ရပ်တည်နေဖို့ ဆို ပြိုင်ဆိုင်မှုတွေ ပြိုင်ပွဲတွေမှာ ရုန်းထွက်ပြနိုင်ဖို့ လိုပါတယ်။ ” လို့ ဆိုးရှားက ပြောကြားခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အဲဗာတန္နဲ႕ ပြဲမွာ ဂိုးေပးလိုက္ရတဲ့ အမွား က်ဴးလြန္ခဲ့သည့္တိုင္း ဂိုးသမား ဒီဂီယာက သူ႔အျမင္မွာေတာ့ ကမၻာ့အေကာင္းဆံုး ဂိုးသမား တစ္ေယာက္ ျဖစ္ေနဆဲလို႔ ဆိုလိုက္ျပီး ဒင္း ဟန္ဒါဆန္နဲ႕ အေၾကာင္းမ်ားကိုလည္း ေဆြးေႏြး ေျပာဆိုခဲ့ပါတယ္။
ညက အဲဗာတန္နဲ႕ ပြဲစဥ္မွာ ဒီဂီယာက ပြဲအစပို္ငးမွာတင္ သူ႔ရဲ႕ ေဘာလံုး ကန္တင္ခ်က္က အဲဗာတန္မွာ ကယ္လ္ဗတ္ လီ၀င္နဲ႕ ထိကာ ဂိုးပိုက္ထဲ ၀င္သြားခဲ့ျပီး အသင္းကို ဖိအား၀င္ေစခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ေခ်ပဂိုးေၾကာင့္ ယူနိုက္တက္တို႔ သေရ တစ္မွတ္ ရခဲ့ျပီး သက္သာရာ ရခဲ့ပါတယ္။
ရွက္ဖီးမွာ အငွား သြားေရာက္ကစားေနတဲ့ လူငယ္ ဂိုးသမား ဒင္းဟန္ဒါဆန္ကလည္း လက္စြမ္းျပေနျပီး အသင္းထံ ျပန္လာရင္ ပြဲကစားခြင့္ ရလိုေၾကာင္း ေျပာဆိုထားပါတယ္။ နည္းျပ ဆိုးရွားကေတာ့ ဂိုးသမား နွစ္ေယာက္လံုး အေပၚ ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ရွိထားပါတယ္။
” က်ေနာ္ကေတာ့ မန္ယူနိုက္တက္ အတြက္ အေကာင္းဆံုး ျဖစ္နုိင္သမွ် လူစာရင္းကို လိုခ်င္တာပါ။ ဒင္းကလည္း က်ေနာ္တို႔ အသင္းသားပဲ ျဖစ္တယ္။ သူက ေလာေလာဆယ္မွာ သိပ္ေကာင္းေကာင္း လုပ္ျပထားတာ ျဖစ္လို႔ ယူနုိက္တက္ထံ ျပန္လာရင္လည္း ဒီမွာ ပြဲကစားခြင့္ ရဖို႔ အသင့္ အေနအထားနဲ႕ တိုက္ပြဲ ၀င္ပါလိမ့္မယ္။
ဒါေပမယ့္ ေဒးဗစ္ကလည္း သူ႔ တုန္႔ျပန္မႈေတြကို ျပသြားဦးမွာ ျဖစ္တယ္။ ဒီေန႔ဆို သူ႔ အမွားကို ျပန္ ဆယ္တင္ဖို႔ ၾကိဳးစား ကာကြယ္မႈေတြ လုပ္ခဲ့ျပီး ဆီဂတ္ဆန္ရဲ႕ ကန္ခ်က္ကိုလည္း ကာကြယ္ခဲ့တယ္။ ေဒးဗစ္က ကမၻာ့အေကာင္းဆံုး ဂိုးသမားပါ။ စိန္ေခၚမႈေကာင္းေတြလည္း ျပဳလုပ္နုိင္သူ ျဖစ္တယ္။ အသင္းရဲ႕ နံပါတ္ ၂ ရိုမဲရိုးကလည္း ဂိုးသမားေကာင္း တစ္ဦး ျဖစ္တယ္။
က်ေန္ာတို႔က အသင္း လူစာရင္းမွာ အရည္အခ်င္းေကာင္းေတြ ျပည့္ေနေစခ်င္ျပီး ျပိဳင္ဆုိင္မႈေတြလည္း ျမင္လိုပါတယ္။ ထိပ္တန္း အဆင့္မွာ ရပ္တည္ေနဖို႔ ဆို ျပိဳင္ဆိုင္မႈေတြ ျပိဳင္ပြဲေတြမွာ ရုန္းထြက္ျပနိုင္ဖို႔ လိုပါတယ္။ ” လို႔ ဆိုးရွားက ေျပာၾကားခဲ့ပါတယ္။