အမေ့လျှော့ခံ သူရဲကောင်း (သို့မဟုတ်) သမိုင်းမှာ အထီးကျန်ဆုံး လူသား

၁၉၆၉ ခုနှစ်က လကမ္ဘာပေါ်ကို ပထမဦးဆုံးအောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့လူသားတွေ အဖြစ် Apollo 11 mission မှာလိုက်ပါခဲ့တဲ့ Neil Armstrong နဲ့ Buzz Aldrin နှစ်ယောက်ကိုသာ အမှတ်ရနေကြပါတယ်။

သမိုင်းမှတ်တမ်းများအရလည်း လမျက်နှာပြင်မှာပထမဆုံးလမ်းလျှောက်ဖူးတဲ့လူသားတွေအဖြစ် ဒီနှစ်ယောက်ကိုသာ အသားပေး ဖော်ပြကြပါတယ်။ ဒါပေမယ့် Apollo 11 mission မှာ ၂ ယောက်ပဲပါတာမဟုတ်ပဲ Michael Collins ဆိုတဲ့ တတိယလူ ရှိပါသေးတယ်။

အတူလိုက်ပါလာတဲ့ အဖော်နှစ်ယောက် သမိုင်း‌သစ်ရေးဖို့ Lunar Module Eagle အာကသယာဉ်နဲ့ လမျက်နှာပြင်ကိုထွက်သွားချိန်မှာ Michael Collins ကမိုင် ၆၀ အကွာ လပတ်လမ်းက Command Module Columbia ယာဉ်ငယ်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ပါတယ်။

Michael Collins က ကမ္ဘာမြေက Mission control နဲ့ Lunar Module တို့ကြား ဆက်သွယ်ပေးဖို့၊ Monitoring system များလုပ်ဆောင်ဖို့နဲ့ Lunar Module မှာပြသနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် backup system တွေလုပ်ဆောင်ဖို့ အစရှိတဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ဖို့ ကျန်နေခဲ့ရပါတယ်။

အဆုံးမရှိတဲ့ အာကသဟင်းလင်းပြင်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့လို့ သမိုင်းမှာအထီးကျန်ဆုံးလူသားလို့လည်း တင်စားကြ ပါတယ်။

Michael Collins ဟာ လွန်ခဲ့တဲ့ ၂ နှစ်၊ 2021 April 28 ရက်နေ့ အသက် ၉၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူကွယ်လွန်တဲ့အချိန် သိပ္ပံအဖွဲ့အစည်းတွေက “The loneliest man in history” ဆိုပြီးဂုဏ်ပြုရေးသားခဲ့ကြပါတယ်။

အပြင်လောကမှာလည်း အတူတူပါပဲ လုပ်ငန်းစဉ်တစ်ခုအောင်မြင်ဖို့ နောက်ကွယ်ကနေ ပေးဆပ်ကြတဲ့ အမေ့လျှော့ခံလူသားတွေ ရှိတတ်ပါတယ်။