စတာလင်၊ ပါလ်မာ ပြီး နောက်ထပ် မန်စီးတီး အသင်းသား တစ်ယောက်ကို ခေါ်ယူဖို့ ချယ်ဆီး အသင်း လှုပ်ရှားနေပါပြီ

ချယ်ဆီးအသင်းဟာ လာမယ့်နွေဈေးကွက်မှာ မန်ချက်စတာ စီးတီး အသင်းသား တစ်ယောက်ကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ စတာလင်၊ ပါလ်မာတို့ကို ခေါ်ယူထားတဲ့ ချယ်ဆီးဟာ ဒီတလောမှာ နောက်ထပ် စီးတီး ကစားသမား တစ်ယောက်ကို ထပ်မံ မျက်စိကျလာတာပါ။

ချယ်ဆီးက စီးတီးရဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့အတွက် ဂရီးလစ်ရှ် အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ချယ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကြားမှာ ကစားသမား ခေါ်ယူမှုတွေ ရောင်းချမှုတွေ အများအပြား ရှိခဲ့ပြီး ချယ်ဆီးဆိုရင်လည်း ဒီနွေကမှ မန်စီးတီးရဲ့ လူငယ်ကစားသမားလေး ကိုး ပါလ်မာကို ခေါ်ယူနိုင်ခဲ့ရင်း လက်ရှိမှာ ပါလ်မာက ချယ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်ခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ ပါလ်မာကို မခေါ်ယူခင် မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ရာဟင် စတားလင်းကိုလည်း ခေါ်ယူခဲ့ပေမယ့် စတားလင်းက ချယ်ဆီးမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အခုနောက်ပိုင်းမှာလည်း အသင်းအတွက် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရပါတယ်။

ဒီနောက်ပိုင်း ဈေးကွက်တွေမှာ မန်စီးတီးက ကစားသမားတွေကို ပိုမို ခေါ်ယူလာခဲ့တဲ့ ချယ်ဆီးက အခုလည်း မန်စီးတီးရဲ့ ပေါင် သန်း(၁၀၀)တန် ကစားသမားဖြစ်သူ ဂရီးလစ်ရှ်ကို ခေါ်ယူသွားဖို့ပါ စိတ်ဝင်စားလာခဲ့ပြန်ပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဗီလာကနေ မန်စီးတီးအသင်းဆီကို ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ သူရဲ့ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းသိပ်မပြနိုင်ပေမယ့် ဒုတိယရာသီမှာတော့ ခြေစွမ်းလည်း ပိုမိုပြသနိုင်ခဲ့ရင်း အသင်းနဲ့လည်း ဆုဖလား (၃)လုံးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဒီရာသီမှာတော့ ဂရီးလစ်ရှ်က ခြေစွမ်းပိုင်းရော ပွဲကစားချိန်တွေ နည်းပါးလာခဲ့ရသလို သူရဲ့ အနာဂတ် အခြေအနေပါ လှုပ်ခတ်လာခဲ့ရပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်နေတဲ့ ဂရီးလစ်ရှ်ကို ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ဂရီးလစ်ရှ်လို ကစားသမားမျိုးအတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ယူရို သန်း(၇၀)လောက်အထိ အသုံးပြုရဖွယ်လည်း ရှိနိုင်ပါတယ်။